ပခုက္ကူက စစ်ကောင်စီစခန်းတွေ Drone နဲ့ အပစ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့စခန်းကို ကာကွယ်ရေး ၏တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Young Force - UG တပ်ဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်ထဲက ကျတ်ထိုး(ရဲစခန်း)၊ အနောက်ဘုန်းကန်ကျေးရွာနဲ့ ချောင်းခွကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Drone ၁၀ စီးနီးပါး နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Young Force - UG တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ယနေ့မှာလည်း အဲ့ဒီနေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက်ပစ်ခတ်နေပြီး တိုက်ခိုက်မှုကို နယ်မြေခံတပ်ဖွဲ့တွေနဲ့အတူ မြိုင်-ပကဖ တပ်ရင်း ၁၊ MRTF (မြိုင်)၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Thurain-TR  နဲ့  Young Force (UG) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကလည်း အရှေ့ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို Young Force (UG) ပူးပေါင်းတပ်ဖွဲ့က Rocket တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #မကွေးတိုင်း #ပခုက္ကူ #Drone #တိုက်ခိုက်မှု #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10