ပခုက္ကူက PDF ရဲဘော်တွေ ရိက္ခာမလုံလောက်လို့ စပါးတိုးချဲ့စိုက်ပျိုး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်တွေမှာ ရိက္ခာမလုံလောက်တဲ့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းအပြင် စပါးခင်းတွေကို စက်တင်ဘာ ၁၃ ရက်မှာ တိုးချဲ့စိုက်ပျိုးနေတယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၉၊တပ်ခွဲ ၃၊ ဗိုလ်မထားတပ်ဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူခရိုင်အတွင်း ဗိုလ်မထားတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခင်လှူဒါန်းပေးနေတဲ့ ပြည်သူတွေမှာ အခက်အခဲတွေ ရှိနေတာဖြစ်လို့ တပ်ဖွဲ့ရိက္ခာမလုံလောက်တဲ့အတွက် စပါးစိုက်ခင်းကို တိုးချဲ့စိုက်ပျိုးရတာလို့ ဆိုပါတယ်။

ယခင်နှစ်က ဗိုလ်မထားတပ်ဖွဲ့မှာ လယ်ဧကဝက်ခန့်ကို ချဥ်ပေါင်၊ ကန်ဇွန်း၊ ခရမ်းချဥ်၊ ခရမ်းသီး၊ ဗူး၊ ငရုတ်နဲ့ ရုံးပတီသီးနှံတွေကို ရာသီအလိုက်စိုက်ပျိုးကြတယ်လို့ သူကဆက်ပြောပါတယ်။

ယခုနှစ်မှာတော့ တပ်ဖွဲ့အတွက် ရိက္ခာပိုခက်ခဲလာပြီး အသီးအရွက်စိုက်ခင်းနဲ့ မလုံလောက်လို့ လယ် ၂ ဧကမှာ ဧရာပဒေသာစပါးတွေ စိုက်ပျိုးနေတယ်လို့ ဆိုပါတယ်။

သီးနှံတွေစိုက်ပျိုးထားတဲ့ မြေနေရာ ၃ ဧကကိုလည်း၊ ဒေသခံပြည်သူတဦးက ငှားရမ်းခအတွက် ငွေကြေးမယူဘဲ စိုက်ပျိုးခွင့်ပေးထားတယ်လို့ သိရပါတယ်။ 

ပခုက္ကူခရိုင်၊ တပ်ရင်း ၁၉၊ တပ်ခွဲ ၃၊ ဗိုလ်မထားတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းပြီး စစ်ကောင်စီကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေသလို လက်နက်ခဲယမ်း မပြည့်စုံလို့ အဓိကမိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ပြီး တော်လှန်နေကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #တပ်ဖွဲ့ရိက္ခာ #စပါးစိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10