ပခုက္ကူနယ်က ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

ပခုက္ကူနယ်က ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာသား ၃၀ ဦးခန့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၆ ရက်မနက်မှာ ဖမ်းဆီးသွားခဲ့ပြီး အဲ့ဒီထဲက အချို့ကိုပြန်လွှတ်ပေးပေမယ့် ရွာသား ၁၀ ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပခုက္ကူမြိုု့နယ်၊ အောင်သာရွာက ပျူစောထီးနဲ့စစ်သားတွေ၊ ညောင်ဦးမြို့နယ်ဘက်ကလာတဲ့ စစ်သားတွေအပါ အင်အား ၁၂၀ ဝန်းကျင်ရှိတဲ့ စစ်အုပ်စုက သဇင်ရွာ၊ ရွာသာအေးရွာ၊ ဆွဲကြီးရွာနဲ့ ထနောင်းကုန်းရွာတို့က ဒေသခံတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။  

“သတင်းအရဖမ်းဆီးတာဆိုပြီး ရွာသားတွေကို လက်ကိုကြိုးချည်ပြီး ညောင်ဦးမြို့ကိုဖမ်းသွားတာ၊ နေ့လယ် ၁ နာရီခွဲလောက်ရောက်မှ အယောက် ၂၀ လောက်ကို ပြန်လွှတ်ပြီး ကျန်တဲ့သူတွေကို ဆက်ဖမ်းထားတာ ခုထိမလွှတ်သေးဘူး'' လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေမှာ သဇင်ရွာက အသက် ၅၀ နှစ်နဲ့ ၂၀ နှစ်အရွယ် အမျိုးသား ၅ ဦး၊ ရွာသာအေးရွာက ၁ ဦး၊ ဆွဲကြီးရွာက ၁ ဦး၊ ထနောင်းကုန်းရွာက  ၁ ဦးနဲ့ ကျန်အမည်မသိရသေးတဲ့ကျေးရွာသား ၂ ဦးအပါ စုစုပေါင်းဖမ်းဆီးထားသူ ၁၀ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၇ ရက်ဒီမနက်မှာလည်း အောင်သာရွာကစစ်သားနဲ့ ပျူစောထီးအင်အား ၇၀ လောက်ဟာ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကနေအိမ်တွေကို ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

ပခုက္ကူမြို့နယ်အတွင်းမှာ အောင်သာရွာအပါအဝင် မကြီးကန်ရွာနဲ့ အင်းဝိုင်းရွာတို့ဟာလည်း ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီတပ်အတွက် ကင်းစောင့်ပေးတာ ရိက္ခာသယ်ပို့ပေးတာနဲ့ နယ်မြေသတင်းတွေကို ထောက်လှမ်းပေးတဲ့ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

‌#မြေလတ်အသံ

#သတင်း #ပျူစောထီး #စစ်ကောင်စီ #ဖမ်းဆီး #မကွေးတိုင်း #ပခုက္ကူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10