ပခုက္ကူနယ်တွင် စစ်ရှောင်နဲ့ဒေသခံတွေ ဖျားနာရောဂါအဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

ပခုက္ကူနယ်တွင် စစ်ရှောင်နဲ့ဒေသခံတွေ ဖျားနာရောဂါအဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးရောဂါနဲ့ ဖျားနာရောဂါအဖြစ်များပြီး ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တောင်ညိုနဂါးတပ်ဖွဲ့မှ ဆေးတပ်ဖွဲ့ဟာ ရှေ့တန်းမှာ ဆေးကုသရတာအပြင် ဒေသတွင်း ငွေကြေးမတတ်နိုင်တဲ့ သူတွေ၊ သွားလာရခက်ခဲတဲ့သူတွေကို အိမ်အရောက် အခမဲ့ဆေးကုသပေးနေတာဟာ  ၁ နှစ်ကျော်ရှိလာပါပြီ။ 

အရင်က ကုသနေတဲ့ ဆေးဝါးတွေကို ပြည်သူတွေက လှူဒါန်းသလို မြိုင်ပကဖအဖွဲ့ ဗိုလ်လက်ျာတို့အဖွဲ့ကလည်း ပံ့ပိုးတာရှိတယ်လို့ ဆိုပါတယ်။ 

"ရာသီပေါ်ဖျားနာတာတွေနဲ့ သွေးလွန်တုပ်ကွေးတွေ အဖြစ်များနေကြတယ်။ တပ်ရင်းမှာရှိတဲ့ ဆေးဝါးနဲ့တော့ အဆင်ပြေအောင်ကုပေးနေပါတယ်။ ယားနာတွေပေါက်တာနဲ့ ကိုယ်ဆောင်မိခင်တွေလည်း ရှိတယ်။ ဆေးဝါးပစ္စည်းတွေက လုံလောက်တာမျိုး မရှိသေးပါဘူး" လို့ ဆေးကုသတဲ့အဖွဲ့မှာပါဝင်တဲ့ CDM သူနာပြု ဆရာမ Nightingale က ပြောပါတယ်။

အခုလို ဆေးဝါးကုသရာမှာ CDM အထက်တန်းသူနာပြုဆရာမ Nightingale ဦးဆောင်ကာ တခြားရဲဘော်၊ ရဲမေတွေကို ဆင့်ပွားသင်တန်းပေးထားတာဖြစ်ပြီး ရဲမေ ၁၀ ဦး၊ ရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦး နဲ့ ဆေးကုသပေးနေတာလို့ CDM ဆရာမက ဆိုပါတယ်။

ဆေးတပ်သားအဖွဲ့က ၁ လမှာ ကျေးရွာပေါင်း ၂၅ ရွာခန့်မှ လူနာ ၃၀၀ ဝန်းကျင်ကို ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ပခုက္ကူ #ဆေးဝါးလိုအပ် #တုပ်ကွေး #CDM #စစ်ရှောင် #မြိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10