ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ခွဲ ၁၊ တပ်စိတ် ၁၊ Burma Revolution Rangers တပ်ဖွဲ့ဝင် ရဲဘော်တွေက မိုးဦးကာလမှာ မြေပဲသီးနှံတွေ စိုက်ပျိုးနေကြတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အထောက်အကူပြုဖို့နဲ့ တပ်တွင်းရိက္ခာအတွက် ရည်ရွယ်ပြီး ဇွန် ၂၆ ရက်မှာ မြေပဲ စိုက်ပျိုးမြေဧက ၁၇ ဧကကိုစတင် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေက ကူညီပေးကြသလို မြေနေရာကိုလည်း ငှားပေးထားတယ်လို့ Burma Revolution Rangers တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကာတွန်း က ပြောပါတယ်။

စိုက်ပျိုးရာမှာ ထွန်ယက်ခ၊ မျိုး၊ စိုက်ပျိုးရေးဆေး၊ ဆေးဖြန်းပုံး စတဲ့သွင်းအားစု ကုန်ကျစရိတ် စုစုပေါင်း ၂၅ သိန်းကျော် ကုန်ကျတယ်လို့ ဆိုပါတယ်။

ပခုက္ကူ Burma Revolution Rangers တပ်ဖွဲ့ကို ဒေသခံပြည်သူတွေကလည်း ယာခင်းရှင်းလင်းရေး၊ ပေါင်းကောက်၊ မျိုးစေ့ချတာတွေအပြင် စိုက်ပျိုးနည်း၊ မြေနေရာနဲ့လုပ်အားတွေ ကူညီပေးကြတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ပခုက္ကူဒေသအတွင်း လက်ရှိအချိန်မှာ မြေပဲနဲ့ ပဲတီစိမ်း သီးနှံတွေကို အဓိကစိုက်ပျိုးနေကြပြီလို့ သိရပါတယ်၊

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပကဖ #စိုက်ပျိုးရေး #လက်နက်ခဲယမ်း #ရိက္ခာလိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10