ပခုက္ကူGTU ကျောင်းရှေ့က စစ်ကောင်စီဂိတ် ၂ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရဟုဆို

ပခုက္ကူGTU ကျောင်းရှေ့က စစ်ကောင်စီဂိတ် ၂ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရဟုဆို

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုသွားလမ်း၊ ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူနည်းပညာတက္ကသိုလ်(GTU)ရှေ့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို မေလ ၂၃ ရက် ညနေ ၆ နာရီခန့်က ဒရုန်းဗုံးပစ်ချတိုက်ခိုက်ခဲ့တယ်လို့ PDF တွေဆီကသိရပါတယ်။

ပခုက္ကူGTU ကျောင်းအတွင်းတပ်စွဲထားပြီး အင်အား ၁၀ ဦးထက်မနည်းနဲ့ ကျောင်းရှေ့မှာဂိတ်ချစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ကာ အဲ့ဒီဂိတ်ကို ဒရုန်းနဲ့ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စောင့်စစ်သား ၁ ဦး သေဆုံး  ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Yesagyo Revolution Group (YRG) တာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

“ထိခိုက်သေဆုံးတာတွေကိုတော့ အတွင်းသတင်းအရသိရတာပါ ။ ဂိတ်စောင့်နေတဲ့ ၁ ကောင်ရယ်၊ ထမင်းချက်နေတဲ့ ၂ ကောင်သေတယ်လို့သိရတယ်။ သူတို့ကမထင်ရင်မထင်သလို လမ်းသွာ၊း လမ်းလာတွေကို ငွေညှစ်တယ်။ ရွာတွေကို ဆန် ၊ ဆီ ၊ ဆားတွေကိုသယ်တာမှာလည်း အဲ့ဂိတ်က  အများကြီးသယ်ခွင့်မပေးတော့ဘူး” လို့ ပြောပါတယ်။

အလားတူ မေလ ၂၄ ရက် မနက် ၉ နာရီလောက်မှာလည်း အဲ့ဒီစစ်ဆေးရေးဂိတ်ကိုပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီး ၄ လုံးကြဲချထပ်မံတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုက ထိခိုက်သေဆုံးမှုကိုတော့ အတိအကျမသိရှိရသေးဘူးလို့ YRG အဖွဲ့က ဆိုပါတယ်။

ဒရုန်းဗုံးကြဲချတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ အဲ့ဒီစစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာနီးစပ်ရာကျေးရွာတွေဘက်ကို လက်နက်ငယ်တွေနဲ့ ညစဉ်ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို Yesagyo Revolution Group (YRG) ၊ Underground Revolution Force – YSO  ၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း 27 Revoluiton Force  ၊ Myingyan District Drone Strike (MDDS)၊ နဂါးနီအထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSOနဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) တပ်ဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နဲ့ ၉ ရက်တွေမှာလည်း အဲ့ဒီ GTC ကျောင်းဝန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - YRG PDF တပ်ဖွဲ့ဝင်များ။

စာတည်း − ရင်ငြိမ်း
#မြေလတ်အသံ
#ရေစကြို #ပခုက္ကူ #GTUကျောင်း #စစ်ဆေးရေးဂိတ် #ဒရုန်းဗုံးကြဲချ #ထိခိုက်မှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10