ပခုက္ကူ ကန်တော်ရွာက စစ်ကောင်စီတပ်သားတွေ Rocketနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို Rocket တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ COBRA ONE Pakokku တပ်ဖွဲ့ဆီက သိရပါတယ်။

မတ်လ ၃ ရက် ညနေ ၄ နာရီလောက်မှာ ကန်တော်ကျေးရွာမှာ အင်အား ၁၀၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို Rocket သီးအလုံး ၅၀ ကျော်နဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ COBRA ONE Pakokku တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောပါတယ်။

"ကျနော်တို့ဘက်က ၅ လုံးလောက်ပစ်ရင်သူတို့ဘက်က တလုံးလောက်ကောင်တာပြန်ပစ်တယ် ။ ကျနော်တို့  drone နဲ့ထောက်ကြည့်တော့ သူတို့ (စစ်ကောင်စီ)ရဲ့ ဘန်ကာဘေးတွေကျတယ် ‌မြေပြင်သတင်းပေးမှုကတော့ ထိခိုက်မှုတွေတော့ရှိတယ် သေမသေကိုတော့ ကျနော်တို့စုံစမ်းနေတုန်း"  ဗိုလ်မြွေဟောက်က ဆိုပါတယ်။

သွားရောက်ပစ်ခတ်ချိန်မှာလဲ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့သေးတယ်လို့ဆိုပါတယ်။

ကန်တော်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေလာရောက်တပ်စွဲထားတာ ဖေဖော်ဝါရီလကတည်းကဖြစ်ပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  Rocket သီးတွေနဲ့ သွားရောက်ပစ်ခတ်တာ ပထမအကြိမ်ဖြစ်ပြီး Drone တွေနဲ့တော့ မကြာခဏသွားရောက်ပစ်ခတ်တယ်လို့လဲ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပကဖ၊ Rocket တပ်ဖွဲ့၊ COBRA ONE pakokku၊ tar Tay pku၊ စနေမင်း မြိုင်၊ BA Nyein၊ နှလုံးလှလူမိုက်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #စစ်ကောင်စီတပ်သား #တိုက်ခိုက်ခံရ #တော်လှန်ရေးအင်အားစု #ပကဖ # COBRAONEPAKOKKU #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10