ပခုက္ကူ၊ ချောင်းဂွရွာမှာ တိုက်ပွဲဲဖြစ်ပွားလို့ ပျူစောထီး ၄ ဦးသေ

ပခုက္ကူ၊ ချောင်းဂွရွာမှာ တိုက်ပွဲဲဖြစ်ပွားလို့ ပျူစောထီး ၄ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့နယ်အကြားရှိ ရှင်မကန်ကျေးရွာကထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၁၃ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့နယ်အကြားရှိ ရှင်မကန်ရွာကထွက်လာတဲ့ပျူစောထီးတွေကို ပခုက္ကူမြို့နယ်၊ ချောင်းဂွကျေးရွာအဝင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ပျူစောထီးတွေ ချောင်းထဲဝင်လာတာ။ သူတို့ ကင်းပုန်းဝပ်နေတာကို မြင်လိုက်တော့ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ စပစ်ကြတယ်။ တိုက်ပွဲက မိနစ် ၂၀ လောက်ပဲကြာမယ်။ နေရာမှာပဲ ပျူ ၄ ကောင်သေတယ်" လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံပျူစောထီး ၄ ဦးမှာ တိုက်ပွဲနေရာမှာ သေဆုံးသွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ထိခိုက်ဒဏ်ရာမရဘဲ တိုက်ခိုက်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီချောင်းဂွရွာတိုက်ပွဲကို ပခုက္ကူခရိုင်တပ်ရင်း ၁၃ နဲ့အတူ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တပ်ရင်း ၁၃ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။


စာတည်း - လင်းဇေ

#မြေလတ်အသံ
#ပခုက္ကူ #ချောင်းဂွကျေးရွာ #ပျူစောထီး #ကမ္မ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10