ပင်ပန်းနေသူတွေကို ဖျော်ဖြေဖို့ ကျေးရွာပေါင်းစုံသပိတ်က တော်လှန်သံချပ် ပြုလုပ်နေ (ရုပ်/သံ)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင် − ဆားလင်းကြီးရွာပေါင်းစုံက သပိတ်ဦးဆောင်သူတွေဟာ မကြာခင်ကျရောက်တော့မဲ့ အတာသင်္ကြန်ပွဲတော်မှာ ပင်ပန်းနေတဲ့ပြည်သူတွေကို ဖျော်ဖြေပေးဖို့ တော်လှန်သံချပ်တွေကို စီစဉ်နေတယ်လို့ သိရပါတယ်။
အခုလို တော်လှန်သံချပ်ပြုလုပ်ရခြင်းဟာ အနုပညာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ဖို့ ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ပြဖို့နဲ့ ပင်ပန်းနေတဲ့ ပြည်သူတွေကို ဖျော်ဖြေပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုပြုလုပ်ရခြင်းဖြစ်တယ်လို့လည်း တော်လှန်သံချပ်မှာ ပါဝင်သူတဦးက ပြောပါတယ်။
"သံချပ်ကို တိုက်နေတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။ ကျနော်တို့ ယင်းမာပင်အတွင်းမှာတော့ ၄ ဖွဲ့လောက် ရှိပါတယ်။ အရင်နှစ်တွေတုန်းကလည်း အခုလိုသံချပ်တွေ ပြုလုပ်ခဲ့တယ်။ ဒီနှစ်တော့ ဖျော်ဖြေမယ့်ရက်ကိုတော့ ပြောပြလို့မရသေးပါဘူး" လို့ဆိုပါတယ်။
ဒီနေ့ (ဧပြီလ ၆)ရက်နေ့မှာလည်း ယင်းမာပင် − ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းက သပိတ်စစ်ကြောင်းပြုလုပ်တာ ၇၅၈ ရက်မြောက်နေ့အဖြစ် “သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်းပိတ်ဆို့ အရေးယူပေး” စာသားကို ကိုင်စွဲပြီး ချီတက်သပိတ်ပြခဲ့ကြပါသေးတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
Share
Share
Share