သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို နိုဝင်ဘာ ၉ ရက် မနေ့က အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တယ်လို့ သံဃမေတ္တာ-ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။
ပင်လည်ဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနေရာ ၅ ခုက စစ်ရှောင်အိမ်ထောင်စု ၅၀၀ အတွက် ၁ အိမ်ထောင် ဆန် ၄ ပြည်၊ ပဲဆီ ၁ လီတာနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။
ပင်လည်ဘူးမြို့နယ်တွင်းရှိ စစ်ဘေးရှောင်တွေဟာ၂၀၂၁ နှောင်းပိုင်းစတင်ကာ ပင်လည်ဘူးနဲ့အခြားမြို့နယ်တွင်းက စစ်ရှောင်လာကြတာဖြစ်ပြီး စစ်ဘေးရှောင်ကာလ ၃ နှစ်ခန့်ရှိပြီလို့ သိရပါတယ်။
သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက မြို့နယ် ၂၀ ထက်မနည်းမှာ ဒေသတွင်းသံဃာတော်တွေ၊ ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး လှူဒါန်းထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ပင်လည်ဘူး #စစ်ရှောင် #ထောက်ပံ့
Share Share Share