ပစ်မှတ်ကိုတိကျစွာပစ်နိုင်ဖို့ စစ်ခေါင်းဆောင်တွေကို ရုပ်ပုံပစ်မှတ်လုပ်ပြီး လေ့ကျင့်

ပစ်မှတ်ကိုတိကျစွာပစ်နိုင်ဖို့ စစ်ခေါင်းဆောင်တွေကို ရုပ်ပုံပစ်မှတ်လုပ်ပြီး လေ့ကျင့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်း ရဲဘော်၊ ရဲမေများ သေနတ်ပစ်လက်ဖြောင့်စေဖို့ စစ်ခေါင်းဆောင်တွေရဲ့ပုံတွေကို ပစ်မှတ်ပြုလုပ်ကာ လေ့ကျင့်ပေးခဲ့တယ်လို့ ဇွန် ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ရဲဘော်တွေ လက်နက်ကို ကျွမ်းကျင်စွာကိုင်ဆောင်ပြီး သတ်မှတ်ထားတဲ့ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်ဖို့ လက်နက်ငယ်ပစ်ခတ်စဉ်လေ့ကျင့်မှုမှာ စစ်ခေါင်းဆောင်တွေပုံကို ပစ်မှတ်ပြုလုပ်လေ့ကျင့်ပေးခဲ့တာလို့ ဆိုပါတယ်။

" စစ်ခေါင်းဆောင်ပုံတွေ ချိတ်ဆွဲရထားတာက သာမန်ထက် စိတ်ခံစားချက်ပြင်းပြီး ဒေါသဖြစ်၊ ဝမ်းနည်းနေတဲ့အချိန်မှာတောင် ပစ်မှတ်ကိုမှန်အောင် ပစ်နိုင်ဖို့ပါ" လို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

လေ့ကျင့်မှုမှာ မီတာ ၁၀၀ နဲ့ ၁၅၀ အကွာအဝေးမှာရှိတဲ့ မင်းအောင်လှိုင်ပုံကိုထိပါက အမှတ် ၃၀၊ စိုးဝင်းပုံ ထိပါက အမှတ် ၂၀ နဲ့ ဇော်မင်းထွန်းပုံ ထိပါက ၁၀ မှတ်အဖြစ် သတ်မှတ်ထားပြီး ဘုတ်ပြားကိုထိမှန်ရင်တော့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးကာ လွဲချော်သူတွေကို ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့် အပြစ်ပေးနည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်လို့ ဆိုပါတယ်။

“ လုံးဝမထိတဲ့သူတွေက ဒိုက်ထိုးတာ၊ ဘဲသွားသွားတာနဲ့ ကျည်ဖြုန်းစစ်သားလို့ အော်ဟစ်ရတာမျိုးနဲ့ ပြစ်ဒဏ်ပေးတယ်” လို့ ပြောပါတယ်။

လေ့ကျင့်ပစ်ခတ်မှုအတွင်း ရမှတ်အလိုက် ပထမဆုအတွက် ၁၅၀၀၀ ကျပ်၊ ဒုတိယဆုအတွက် ၁၀၀၀၀ ကျပ် သတ်မှတ်ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စက်ပစ်ကွင်းတွင် လေ့ကျင်နေသည့် ရဲဘော်ရဲမေများကို တွေ့ရစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #PDF #သေနတ်ပစ်လေ့ကျင့် #ဆုပေးဒဏ်ပေး #စစ်ခေါင်းဆောင် #ရုပ်ပုံပစ်မှတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10