ပဇီကြီးရွာကိုလှူဖို့ တော်လှန်သံချပ်တွေနဲ့ လိုက်လံဖျော်ဖြေနေ

ပဇီကြီးရွာကိုလှူဖို့ တော်လှန်သံချပ်တွေနဲ့ လိုက်လံဖျော်ဖြေနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကစပြီး ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ဦးဆောင်ကာ တော်လှန်သံချပ်ဖျော်ဖြေရင်း ရရှိလာတဲ့ အလှူငွေတွေကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ လှည့်လည် ဖျော်ဖြေသွားမှာ ဖြစ်ပြီး၊ ရရှိလာတဲ့ အလှူငွေတွေကို လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ခုလို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ တော်လှန်သံချပ်အဖွဲ့ ဦးဆောင်သူက ပြောပါတယ်။



"စစ်ကောင်စီက သူအာဏာတည်မြဲဖို့ ဘာမဆိုလုပ်တော့မယ့် အခြေအနေမှာ ရှိတယ်။ အသက်ပေးလိုက်ရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ တော်လှန်ရေးက သွေးအေးသွားရင် ရက်စက်ယုတ်မာတာ။ လူအခွင့်အရေး ချိုးဖောက်တာတွေ ဒီထက်ပိုများနိုင်တယ်။ တတ်နိုင်သလောက် ပါဝင်ကူညီ လှူပေးဖို့လည်း တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အင်အားစုတွေက စစ်ကောင်စီလုပ်တဲ့ သင်္ကြန်မှာမပါဝင်ကြဖို့ သံချပ်ထိုးလှုံဆော်တာဖြစ်ပြီး၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ နေအိမ်မီးရှို့ခံရခဲ့ရသူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီတာတွေကိုပါ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10