ပဒူရွာရဲစခန်းကထွက်လာတဲ့ စစ်သားနဲ့ ရဲ ၇ ဦးကို PDF တွေ တိုက်ခိုက်ရာ သေဆုံးမှုရှိ

ပဒူရွာရဲစခန်းကထွက်လာတဲ့ စစ်သားနဲ့ ရဲ ၇ ဦးကို PDF တွေ တိုက်ခိုက်ရာ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပဒူရွာရဲစခန်းမှ ထွက်လာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၆ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိတယ်လို့ စစ်ကိုင်းမြို့နယ်ပကဖ လက်အောက်ခံ People Servant Force လက်ရုံးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းမြို့မှ ၁၂ မိုင်ခန့်အကွာရှိ ပဒူရွာရဲစခန်းဆီ ရိက္ခာလာပို့တဲ့စစ်ကားကို ဆိုင်ကယ်သုံးစီးနဲ့ သွားကြိုတဲ့ စစ်သားနဲ့ ရဲ ၇ ဦးကို ထိပ်တိုက်တွေ့ဆုံကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

"ကိုက် ၁၀၀ အတွင်း အလစ်အငိုက် တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ရှေ့မှာပဲ ၃ ယောက်သေတယ်။ စစ်ကားနဲ့ တင်ခေါ်သွားတယ်" လို့  People Servant Force သတင်းတာဝန်ခံ ရဲဘော်နဂါးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာကို ရိက္ခာပို့တဲ့စစ်ကားရောက်လာချိန် စစ်ကား ၂ စီးပေါ် ပါလာတဲ့ စစ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ၅ မိနစ်ခန့် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကားပေါ်ပါလာတဲ့ စစ်သားတွေက ပဒူရွာရဲစခန်းနဲ့ မီတာ ၈၀၀ အကွာရှိ စကျင်ရွာမှာ ဆင်းနေခဲ့ပြီး အဲ့ဒီကားနဲ့ စစ်သားအလောင်းတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို တင်ဆောင်ပြီး ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကား ၂ စီး စစ်ကိုင်းမြို့ဘက်ကို မောင်းနှင်သွားချိန် ကျောက်ပနံရွာနဲ့ ရွာသစ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေထဲက စစ်သား ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာနဲ့ ထပ်မံသေဆုံးခဲ့တယ်လို့ မြေပြင်ကင်းထောက်အဖွဲ့ဆီက သိရတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်ရာမှာ စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ဦးဆောင်မှုနဲ့ People Servant Force လက်ရုံးပြောက်ကျားတပ်ဖွဲ့ ၊ မော်ကွန်း MDY-UG နဲ့ နယ်မြေခံအဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပဒူရွာရဲစခန်း #စစ်သား #ရဲတပ်ဖွဲ့  #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ပကဖ #PeopleServantForce #လက်ရုံးတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10