ပန်းတောင်းက မီးသဂြိုလ်စက် လုပ်ငန်းသုံးပစ္စည်းတချို့ ခိုးယူခံရ
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ မီးသဂြိုလ်စက်က လုပ်ငန်းသုံးပစ္စည်းတချို့ မေလ ၁ ရက်နေ့က ခိုးယူခံခဲ့ရတယ်လို့ ဦးဆောင်ဆရာတော်ဆီက သိရပါတယ်။
ပန်းတောင်းမြို၊ ဖောင်းကံရပ်ကွက်မှာရှိတဲ့ မီးသင်္ဂြိုဟ်စက်ရဲ့အဖွင့်အပိတ်တံခါးက သံလက်ကိုင်ကွင်း ၂ ကွင်း၊ အလောင်းတွန်းလှည်းစင်က သံဒလိမ့်တုန်း(roller) ၁ ခု၊ အလောင်းသယ်စင်မှာတပ်ဆင်ထားတဲ့ သံဘီး ၂ ခု ခိုးယူခံခဲ့ရတယ်လို့ ဆရာတော်က မြေလတ်အသံကို ပြောပါတယ်။
"ဘယ်အချိန် ဖြုတ်ခိုးသွားမှန်းကို မသိဘူး။ ဒီပစ္စည်းတွေခိုးယူခံတော့ မီးသဂြိုလ်ရင်တံခါးကပိတ်မရတော့ မီးညွှန့်တွေက အပြင်ထွက်ကုန်တယ်။ အနံ့အသက်တွေလည်းအပြင်ကိုထွက်ကုန်တာ။ အနားကလုပ်ဆောင်ပေးနေရသူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်နိုင်တာပေါ့" လို့ပြောပါတယ်။
ခိုးယူခံရတဲ့ပစ္စည်းတွေဟာ တန်ဖိုးအားဖြင့်မများပေမယ့် နာရေးလုပ်ငန်းတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ ဦးဆောင်ဆရာတော်က ဆက်ပြောပါတယ်။
အဲဒီမီးသဂြိုလ်စက်ဟာ ပန်းတောင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့အနီးတဝိုက်ရွာတွေအထိ နာရေးဖြစ်ပေါ်လာရင် အများဆုံးအသုံးပြုသင်္ဂြိုဟ်ကြတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။
အလားတူဖြစ်စဥ်မျိုး ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းလောက်ကလည်း ပဲခူးတိုင်း၊အနောက်ခြမ်၊ းနတ်တလင်းမြို့ အနောက်ပေါက်ပင်သုဿာန်က မီးသဂြိုလ်ရာမှာအသုံးပြုတဲ့ သံတစို့တံတခုလည်းပျောက်ဆုံးခဲ့ရာ အလှူရှင်တဦးကအစားထိုးလှူဒါန်းခဲ့ရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
စာတည်း-ရင်ငြိမ်း။
#မြေလတ်အသံ
Share
Share
Share