ပန်းတောင်းဆေးရုံတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့စွန့်ပစ်

ပန်းတောင်းဆေးရုံတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့စွန့်ပစ်

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့စွန့်ပစ်ထားတာကြောင့် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းတွေဟာ အမှိုက်ပုံသဖွယ်ဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

 

ဆေးရုံသုံးစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဆေးထိုးအပ်၊ ဆေးပုလင်းတွေအပြင် တခြားသောဆေးရုံထွက်ပစ္စည်းတွေကို ပန်းတောင်းဆေးရုံရဲ့ ရင်ခွဲရုံဘေးနားမှာတင် စည်းကမ်းမဲ့စွန့်ပစ်ထားတာဖြစ်ပါတယ်။ 

 

အခုလိုစွန့်ပစ်ထားတာကြောင့် အချိန်အခါမရွေး သွားလာနေရတဲ့ ဆေးရုံဝန်ထမ်းတွေအပြင် ဆေးရုံနဲ့ဆက်စပ် လုပ်ကိုင်နေရတဲ့ ပြည်သူတွေ၊ မြို့နယ်အတွင်းက ပရဟိတစေတနာ့ဝန်ထမ်းတွေနဲ့ နာရေးရှင်တွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

 

"အမှိုက်ကန်ထဲရောက်အောင် မပစ်ဘဲ အလွယ်တကူစွန့်ပစ်လို့ ခုလိုဖြစ်ရတာ"လို့ မြို့ခံတဦးက ပြောပါတယ်။

 

ဆေးရုံတခုရဲ့ ရင်ခွဲရုံဟာလည်း အရေးကြီးတဲ့အစိတ်အပိုင်းတခုဖြစ်လို့ ရင်ခွဲရုံသွားတဲ့လမ်းကိုလည်း စနစ်တကျ ရှင်းလင်းထားစေချင်တယ်လို့ သူကဆက်ပြောပါတယ်။ 

 

ဆေးရုံစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဆေးထိုးအပ်၊ ဂွမ်း၊ ပတ်တီးနဲ့ သွေးစ၊ အသားစတွေဟာ ကူးစက်ရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် အခုလို ဆေးရုံးသုံးစွန့်ပစ်ပစ္စည်းတွေ စည်းကမ်းမဲ့စွန့်ပစ်နေတာကို ပန်းတောင်းမြို့ခံတွေကလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ 

 

သက်ဆိုင်ရာဌာနက ခွင့်ပြုမယ်ဆိုပါက အဲ့ဒီအမှိုက်ပုံကို ရှင်းလင်းပြီး လမ်းပါခင်းပေးချင်တဲ့ အလှူရှင်တွေရှိကြတယ်လို့ ပန်းတောင်းမြို့ခံတွေက ဆိုပါတယ်။ 

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်ခရိုင် #ပန်းတောင်းမြို့# ပြည်သူ့ဆေးရုံ #ဆေးရုံသုံးစွန့်ပစ်ပစ္စည်း #စည်းကမ်းမဲ့စွန့်ပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10