ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့က အမျိုးသားတဦး သြဂုတ်လ ၅ ရက် မနေ့မနက်  ၉ နာရီလောက်မှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပန်းတောင်းမြို့၊ ဖောင်းကန်ရပ်ကွက်က အသက် ၅၇ နှစ်အရွယ် ဦးကျော်လင်းဖြစ်ပြီး နေအိမ်အောက်ထပ်ကနေ သစ်သားယက္မတန်းကို ကြိုးချည်ကာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။ 

"သူက(ဦးကျော်လင်း)က အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူ။ စိတ်ကလည်း ပုံမှန်အခြေအနေ မဟုတ်တော့ လုပ်မိလုပ်ရာလုပ်တာဖြစ်မယ်။ ပြီးတော့ သူကတအိမ်တည်းဆိုပေမယ့် မိသားစုက အပေါ်ထပ်မှာနေပြီး သူကအိမ်အောက်ထပ်မှာ တယောက်တည်းနေတာလို့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

အလောင်းကို မြို့ခံပရဟိတအသင်းကားနဲ့ ပန်းတောင်းပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ညနေ ၅ နာရီခွဲလောက်ကလည်း ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ မြစိမ်းရွာက အသက် ၆၄ နှစ်အရွယ် ဦးကြည်ဝင်း ဆိုသူ နေအိမ်မီးဖိုဆောင်ထုတ်တန်းကို ကြိုးချည်ကာ ကြိုးဆွဲချသေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ - ငြိမ်းချမ်းရှင် နာရေးကူညီမှုအသင်းမှ ကူးယူဖော်ပြပါသည်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #ကြိုးဆွဲချ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10