ပန်းတောင်းမှာအမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၃ ရက်အတွင်း အဆုံးစီရင်သူ  ၂ ဦးဖြစ်

ပန်းတောင်းမှာအမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၃ ရက်အတွင်း အဆုံးစီရင်သူ  ၂ ဦးဖြစ်

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ဇူလိုင် ၁ ရက် မနေ့က အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ ပန်းတောင်းမြို့နယ်၊ ဘန့်ဘွေးအုပ်စု ပဲကြီးအင်းရွာက အသက် ၄၅ နှစ်ခန့်ရှိ ကိုကြည်ခိုင် ဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ တဦးတည်းရှိနေချိန် နေအိမ်ထုတ်တန်းကိုကြိုးချည်ကာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။

"ညနေ ၄ နာရီကျော်လောက်မှာ သူ့အမေက ကိုကြည်ခိုင်ဆီကိုသွားရင်းနဲ့ ကြိုးတန်းလန်းနဲ့သေနေတာကိုတွေ့တာ၊ ဘယ်အချိန်ကတည်းက သေနေတာလည်းတော့ မသိဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူဟာ အိမ်ထောင်ကွဲပြီးနောက် တဦးတည်းနေထိုင်သူဖြစ်ကာ အရက်ဖြတ်ထားချိန်မှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ရုပ်အလောင်းကို ဒေသတွင်း နာရေးကူညီမှုအသင်းကားနဲ့ ပန်းတောင်းဆေးရုံရင်ခွဲရုံကိုပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၃၀ ရက်ညနေပိုင်းကလည်း ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ မြစိမ်းရွာက ဆီးချိုနဲ့ သွေးတိုးရောဂါခံစားနေရတဲ့အသက် ၆၄ နှစ်အရွယ် ဦးကြည်ဝင်းလည်း ကြိုးဆွဲချသေဆုံးခဲ့တာကြောင့် ပန်းတောင်းမြို့နယ်မှာ ၃ ရက်အတွင်း ကိုယ့်ကိုကိုယ်အဆုံးစီရင်သူ ၂ ဦး ရှိခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ - ငြိမ်းချမ်းရှင်နာရေးကူညီမှုအသင်းမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #ကြိုးဆွဲချ #သေဆုံးမှု #အဆုံးစီရင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10