ပန်းတောင်းမှာ အမျိုးသားတဦး ရေနစ်သေဆုံး

ပန်းတောင်းမှာ အမျိုးသားတဦး ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင်၊ ရှားဖြူကွင်းရွာက အမျိုးသားတဦး ဇူလိုင် ၉ ရက်မနေ့က ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

 

ပန်းတောင်းမြို့နယ်၊ ဘူးရိုးချောင်းအတွင်း ရှားဖြူကွင်းရွာရေချိုးဆိပ်မှာ အသက် ၃၀ အရွယ် ကိုလင်းလင်းဦးဟာ မနေ့ နေ့လယ် ၃ နာရီဝန်းကျင်က ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။

 

"သူ့အမေနဲ့စကားများပြီး အိမ်ကနေ ရေချိုးဆိပ်ဘက်သွားရင်း ရေနစ်တာ။ ဘယ်လို ရေနစ်လည်းတော့ မသိရဘူး။ သူ့အဖေပြောတာတော့ အရက်တော့ သောက်ထားတယ် ပြောတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

 

ချောင်းရေအနက် ၄ ပေခန့်လောက်မှာ သေဆုံးတာဖြစ်ပြီး မိခင်ဖြစ်သူ လိုက်ရှာရာမှာ တွေ့ရှိခဲ့လို့ နယ်ခံပရဟိတအသင်းကားနဲ့ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး အလောင်းကိုတော့ နေအိမ်ကနေ ဒီနေ့(ဇူလိုင် ၁၀)နေ့လယ် သင်္ဂြိုဟ်မှာလို့ ဆိုပါတယ်။

 

ပဲခူးတိုင်းအနောက်ခြမ်းမှာ အခုနှစ်အတွင်း ရေနစ်သေဆုံးသူ ၁၀ ဦးခန့်ရှိပြီး ကြို့ပင်ကောက်၊ နတ်တလင်းနဲ့ ပြည်မြို့တို့က ဖြစ်သလို အဲ့ဒီအထဲမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။

 

ဓါတ်ပုံ - အေးသုခလူမှုကူညီရေးအသင်း facebook page မှ ကူးယူဖော်ပြပါသည်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #ရေနစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10