သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်က ကျေးရွာတရွာမှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
ပန်းတောင်းမြို့နယ်၊ ပန်းတောင်း - တောင်ကုတ်ကားလမ်းဘေးရှိ ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းရွာက အသက် ၄၂ နှစ်ဝန်းကျင် ကိုဖိုးပု(ခ)ကိုဇော်မင်းထွန်းဟာ နိုဝင်ဘာ ၁၉ ရက် မနေ့မွန်းတည့်ချိန်လောက်မှာ နေအိမ်ထုတ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ခဲ့တာလို့ ဆိုပါတယ်။
ကိုဖိုးပုဟာ အိမ်ထောင်ကွဲနေသူဖြစ်လို့ တရွာတည်းနေမိခင်နဲ့အတူ သွားရောက်နေထိုင်ပြီး နိုဝင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းလောက်မှာ ၎င်းအရင်နေခဲ့တဲ့ အိမ်ကို(ဗြူးကုန်းရွာကအိမ်ကို) ပြန်သွားခဲ့ပြီးမှ အဲဒီအိမ်မှာပဲကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။
"သူတို့သားအမိက အရင်က တယောက်တအိမ်နေတာ။ အိမ်ထောင်ကွဲမှ မအေအိမ်ကို ပြန်လာနေတာ။ သူ့အမေက သူ့သားပြန်မလာလို့ ရွာသားတယောက်ကို လိုက်ရှာခိုင်းတာမှာ သူအရင်နေခဲ့တဲ့သူ့အိမ်မှာ ဖိုးပုဆွဲကြိုးချသေနေတာကို တွေ့ရတာ။ ဘယ်အချိန်လောက်က ဆွဲကြိုးချတယ်ဆိုတာတော့ မသိဘူး" လို့ မြို့ခံတဦးကပြောပါတယ်။
ဖိုးပုဟာ စိတ်ညစ်တယ်အမြဲပြောကာ အရက်သောက်သူဖြစ်လို့ စိတ်ကစဉ့်ကလျားဖြစ်ပြီး ကြိုးဆွဲချတဲ့သဘောဖြစ်နိုင်တယ် သူကဆက်ပြောပါတယ်။
အလောင်းကို ပန်းတောင်းမြို့မရဲစခန်းတာဝန်ကျရဲက ပန်းတောင်းဆေးရုံရင်ခွဲရုံကို ပို့ထားပြီး သေမှုသေခင်းဖွင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်၊ ဖရုံကာအုပ်စု၊ ကပစ ၁၆ မှာတာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်စန်းမောင်ဆိုသူလည်း သူနေတဲ့လိုင်းခန်းနောက်ဖေးတံခါးဘောင်ကနေ ကြိုးဆွဲချသေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #ကြိုးဆွဲချ #သတင်း
Share Share Share