ပိုင်ဆိုင်တဲ့ ရွှေနားကပ်နဲ့လက်စွပ်ကို တော်လှန်ရေးကျည်ဖိုးအဖြစ် ပေးခဲ့တဲ့ ရေလယ်ကျွန်းတောင်သူ

ပိုင်ဆိုင်တဲ့ ရွှေနားကပ်နဲ့လက်စွပ်ကို တော်လှန်ရေးကျည်ဖိုးအဖြစ် ပေးခဲ့တဲ့ ရေလယ်ကျွန်းတောင်သူ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတောင်သူတဦးက စစ်ကောင်စီကိုတိုက်ခိုက်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ထံကို လက်ဝတ်လက်စားတချို့ လာရောက်ထောက်ပံ့သွားတယ်လို့ Myingyan Black Tiger-MBT အဖွဲ့ဆီက သိရပါတယ်။

 

ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းမှာ ရေလယ်ကျွန်းဒေသတောင်သူတဦးက သူပိုင်ဆိုင်ထားတဲ့ ရွှေနားကပ်တရံနဲ့ လက်စွပ်တကွင်းကို ကာကွယ်ရေးတပ်ဖွဲ့အတွက် ကျည်ဖိုးအဖြစ်လာရောက်ကူညီ လှုဒါန်းခဲ့တယ်လို့ Myingyan Black Tiger-MBT တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

 

"သူ့အသက်အရွယ်နဲ့ သက်လုံပိုင်းဆိုင်ရာအရ စစ်တိုက်ဖို့ မတတ်နိုင်တော့ဘူး။ စစ်တပ်ကိုတိုက်ဖို့ သူရဲ့ရှိစုမဲ့စုရွှေကို ကျနော်တို့အဖွဲ့အတွက် ကျည်ဖိုးထောက်ပံ့ပေးခဲ့ပါတယ်။ လက်မခံဘဲ နေဖို့စဥ်းစားပေမယ့် ပြည်သူရဲ့ဆန္ဒပြည့်ဝဖို့လှူဒါန်းတာကို လက်ခံခဲ့တာပါ။ ပြည်သူတွေက စစ်**တွေကို နာကျည်းချက်တွေရှိနေကြပြီ။" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

 

 

ကိုယ်ပိုင်ချွေးနည်းစာနဲ့ စုဆောင်းထားတဲ့ လက်ဝတ်လက်စားတွေကို လာရောက်လှူဒါန်းသူမှာအသက် ၅၅ နှစ်အရွယ်၊ မြင်းခြံဇာတိသားဖြစ်ပြီး ရေလယ်ကျွန်းဒေသမှာ လယ်ယာအလုပ်လုပ်ကိုင်နေကာ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်က သူတို့နေထိုင်ရာအိမ်ကို စစ်သားနဲ့ပျူတွေ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

ပြည်သူတွေရဲ့ထောက်ပံငွေနဲ့ MBT တပ်ဖွဲ့ဝင်တွေက စားဖို့၊ နေဖို့၊ စစ်တိုက်ဖို့အတွက်အသုံးပြုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့ ရေလယ်ကျွန်းကျေးရွာမှာရှိတဲ့ ပြည်သူတွေကို နေအိမ်ဆောက်ပေးတာနဲ့ စားနပ်ရိက္ခာ၊ အဝတ်အထည်တွေကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ရေလယ်ကျွန်းဒေသ မင်းရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူတွေကို Myingyan Black Tiger အဖွဲ့အနေနဲ့ အနီးကပ်တကြိမ်သွားရောက်တိုက်ခိုက်ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားနဲ့ပျူ ၁၇ ဦးခန့်သေဆုံးကာ ဒဏ်ရာရသူများလည်းရှိပြီး စခန်းသိမ်းနိုင်အောင်လည်း ကြိုးစားနေတာဖြစ်လို့၊ ပြည်သူတွေအနေနဲ့ ကျန်ရှိတဲ့အချိန်မှာ စိတ်ဓာတ်မကျဖို့၊ အားတင်းထားကြဖို့ ဗိုလ်မိုက်ခဲက အသိပေးပြောကြားပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြို #ရေလယ်ကျွန်း #ထောက်ပို့ #MBT #တောင်သူလယ်သမား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10