ပုတီးကုန်း EPC ရုံးကို သတိပေးတဲ့အနေနဲ့မိုင်းခွဲ

ပုတီးကုန်း EPC ရုံးကို သတိပေးတဲ့အနေနဲ့မိုင်းခွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က EPC ရုံးခွဲတရုံးကို ဒီဇင်ဘာလ ၂၁ ရက်ဒီနေ့မနက်အစာပိုင်းက မိုင်းခွဲသတိပေးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅၊ နွေဦးတပ်ဖွဲ့ဝင်ဝင်တဦးက ပြောပါတယ်။

သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ ရွာမလမ်းမှာရှိတဲ့ EPC ရုံးခွဲကို ဒီနေ့မနက် ၆ နာရီခွဲလောက်က  ဖောက်ခွဲခဲ့တာလို့သိရပါတယ်။

"ပုတီးကုန်း EPC ကို ခုမနက် ၆ ခွဲလောက်ကမိုင်းခွဲခဲ့ပါတယ် ၂ လုံးခွဲခဲ့တာပါ ထိခိုက်မှုကတော့မှန်တွေ ကွဲသွားရုံလောက်ပဲရှိတယ်။ သတိပေးတဲ့အဆင့်ပါ။ မီးကျတော့ ပုံမှန်မပေးပဲ ပြည်သူတွေကို ဖိအားပေးမီတာခတောင်းခံနေလို့ သတိပေးခဲ့တာပါ" လို့ တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပုတီးကုန်း EPC ရုံးမှာ မိုင်းပေါက်ကွဲမှုတွေရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးကြည့်ရှု့ ရှာဖွေတာမျိုးတော့ မရှိဘူးလို့သိရပါတယ်။

"ရဲနှစ်ဦးဆိုင်ကယ်နဲ့ အဝေးကနေ လှည့်ပတ်ကြည့်ရုံလောက်ပဲရှိတယ်။ လာပြီးစစ်ဆေးတာ ရှာဖွေတာမျိုးတော့ မရှိဘူး။ စစ်ကောင်စီကလည်း မသွားဘူး။ သေချင်လည်း EPC ရုံးထဲက ကောင်တွေပဲ သေဆိုပြီး ပစ်ထားတဲ့သဘော" လို့ မြို့ခံတဦးက ပြောပါတယ်။

နွေဦးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဖားယားကြီးကျေးရွာက အုပ်ချုပ်ရေးမှုး ဦးဆောင်းတင်ဆိုသူကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10