ပုလဲက PDF ရဲမေတွေကို NUG က ငွေသားတချို့ ထောက်ပံ့ပေး

ပုလဲက PDF ရဲမေတွေကို NUG က ငွေသားတချို့ ထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲမေတွေကို NUG က ငွေသားတချို့ ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ တာဝန်ခံဆီက သိရပါတယ်။

 

ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၉ ၊ ၂၀ တပ် ရင်းတို့မှ အမျိုးသမီးရဲမေတွေ လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်က ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"တော်လှန်ရေးမှာ အမျိုးသမီးတွေက တထောင့်တနေရာက ပါဝင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ထောက်ပံ့တာပါ။ ရဲမေတွေ လိုအပ်တာသုံးဖို့ပါ။ ဘတ်ဂျက်အပေါ်မူတည်ပြီး ထောက်ပံ့ရတာပါ" လို့ တာဝန်ခံ မအိသူသူမောင်က ပြောပါတယ်။ 

ရဲမေတဦးကို ငွေ ၅၀,၀၀၀ ကျပ်နှုန်းဖြင့်၊ ရဲမေ ၃၀ အတွက် စုစုပေါင်း ၁၅ သိန်းကျပ်ကို ပုလဲမြို့နယ် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ တာဝန်ခံနဲ့အတူ ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလလယ်ပိုင်းကလည်း ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် - ၈ က ရဲမေတဦးမီးဖွားခဲ့တုန်းကလည်း မွေးဖွားစရိတ်အဖြစ် ကျပ် ၁ သိန်း ကူညီထောက်ပံ့ပေးခဲ့ပြီး ဘတ်ဂျက်ရရင်ရသလို အမျိုးသမီးရဲမေတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ   

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင်တပ်ရင်း #PDF #ရဲမေ #NUG #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10