ပုလဲနယ်က မီးဘေးသင့်အိမ်ထောင်စု ၁၅၀ ကျော်အတွက် စောင်နဲ့ခြင်ထောင်တွေထောက်ပံ့

ပုလဲနယ်က မီးဘေးသင့်အိမ်ထောင်စု ၁၅၀ ကျော်အတွက် စောင်နဲ့ခြင်ထောင်တွေထောက်ပံ့

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပန်းရွာက မီးဘေးသင့်ဒေသခံတွေကို နိုဝင်ဘာလ ၂ ရက် မနေ့က အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီက သိရပါတယ်။ 

မီးဘေးသင့်အိမ်ထောင်စု ၁၅၆ စုအတွက် အိမ်ထောင်စု ၁ စုလျှင် စောင် ၁ ထည်နဲ့ ခြင်ထောင် ၁ လုံး Chindwin Humanitarian Network မှ ထောက်ပံ့တာကို ပုလဲမြို့နယ် ပကဖ၊ လူသားစာနာတာဝန်ခံနဲ့ ရပ်ကျေးပအဖ၊ ပကဖတို့က တဆင့်ခံသွားရောက်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။  

“အလှူရှင်တွေက တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါတယ်။ အလုံးစုံ အဆင်ပြေဖို့တော့ အခက်အခဲတွေ ရှိသေးတာပေါ့" လို့ ပုလဲ ပကဖ အဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။ 

ပန်းရွာကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅၆ လုံး ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။ 

Chindwin Humanitarian Network အဖွဲ့ဟာ ပြည်တွင်းပြည်ပ စေတနာရှင်တွေနဲ့စုဖွဲ့ထားတာဖြစ်ပြီး ပုလဲမြို့နယ်၊ ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 


#မြေလတ်အသံ 
#စစ်ကိုင်း #ပုလဲ #ပန်းရွာ #မီးဘေးရှောင် #ထောက်ပံ့ #ChindwinHumanitarianNetwork #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10