ပုလဲနယ်က စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင် ၄ ဦးကို ငွေကြေးထောက်ပံ့

ပုလဲနယ်က စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင် ၄ ဦးကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင် ၄ ဦးကို အောက်တိုဘာ ၂၄ ရက် က ငွေကြေးထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာအဖွဲ့ဆီက သိရပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနဲ့ အင်မထီးပျူရွာတွေကနေ ၂ နှစ်နီးပါး စစ်ရှောင်နေကြတဲ့ ကိုယ်ဝန် ဆောင်အမျိုးသမီး ၄ ဦးကို ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်တွေကို ပထမဆုံးထောက်ပံပေးတာပါ။ သူတို့မှာ အခက်အခဲတွေက မျိုးစုံရှိနေကြတယ်။ လိုအပ်တာ သုံးလို့ရအောင် တတ်နိုင်သမျှ ထောက်ပံ့ပေးတာပါ" လို့  တာဝန်ခံ မအိသူသူမောင်က မြေလတ်အသံကို ပြောပါတယ်။

အင်းမထီးစစ်ရှောင်စခန်းမှာ ၃ ဦးနဲ့ ဇီးဖြူကုန်းစစ်ရှောင်စခန်းမှာ ၁ ဦး စုစုပေါင်း ၄ ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင် ၁ ဦးကို ၅၀,၀၀၀ ကျပ်ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ သူမကဆက်ပြောပါတယ်။

ပုလဲမြို့နယ် စစ်ရှောင်စခန်းမှ ပြည်သူတွေအနေနဲ့ ကျန်းမာရေးမကောင်းပါက NUG လက်အောက်ခံ ပုလဲမြို့နယ်ဆေးရုံမှာ ကုသလို့ရလို့ သိရပါတယ်။

စစ်ရှောင်တွေ ကျန်းမာရေးအခက်အခဲဖြစ်တဲ့အခါ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့ထံ စခန်းတာဝန်ခံကတဆင့် အကူအညီတောင်းပါက လာရောက်ကုသပေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #စစ်ရှောင်စခန်း #ကိုယ်ဝန်ဆောင် #ငွေကြေးထောက်ပံ့ #အမျိုးသမီး #လူငယ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10