ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင်

ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် လမ်းတံတားတွေပျက်စီးခဲ့တာကို တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပအဖ၊ ပကဖ တွေပူးပေါင်းပြုပြင်နေတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

မိုးရွာတာများလို့ လမ်းတံတားတွေပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူတွေ သွားလာရတာခက်ခဲနေလို့ အမြန်ပြီးအောင်ပူးပေါင်းပြုပြင်နေတာလို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က မြေလတ်အသံကို ပြောပါတယ်။

"မိုးတအားများတော့လမ်းတွေ ရေတိုက်စားပြီးပျက်စီးကုန်တာ။ လမ်းပျက်တာရွာ ၂၀ ကျော်ရှိတယ်။ ပြည်သူတွေသွားလာတာ အဆင်ပြေဖို့လုပ်ကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကိုပြည်သူတွေလှူတဲ့ငွေနဲ့ ဝယ်ပြီးတော့ပြုပြင်ခဲ့တာဖြစ်တယ်" လို့ သူက ဆက်ပြောပါတယ်။

မိုးရေတိုက်စားလို့ ပျက်စီးခဲ့တဲ့လမ်းတံတားတွေကို လူ ၃၀ ပါတဲ့အဖွဲ့သုံးဖွဲ့ခွဲပြီး၊ မေ ၁၇ ရက်နေ့စလို့ လုပ်ကိုင်ခဲ့ရာ ပြီးစီးဖို့ ၄-၅ နေရာသာကျန်တော့တယ်လို့ ဆက်ပြောပါတယ်။

ကျေးရွာပေါင်း ၅၀ နီးပါး ချိတ်ဆက်သွားလာနေတဲ့လမ်းတွေ ဖြစ်သလို၊ တံတားထိုးရာမှာလိုအပ်တဲ့ ထန်းလုံးတွေကိုလည်း လှူပေးတဲ့ ပြည်သူတွေရှိသလို၊ တပင် ၂၅၀၀၀ ကျပ်နဲ့ဝယ်ယူပြုပြင်တာတွေရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုပျက်စီးခဲ့တဲ့ လမ်းနေရာတွေကတော့ မင်းတိုင်ပင်-ငှက်ပျောတောလမ်း၊ ငှက်ပျောတော-ခေါ်သန္တီလမ်း၊ မင်းမ-ကျေးသများလမ်း၊ ကျေးသများ-ရွာသစ်လမ်း၊ ကျေးနင်းကြီး - သေတ္တရာလမ်း၊ အင်ကြင်းစု-လက်ပုကန်လမ်းတွေလို့ သိရပါတယ်။


သတင်း-စောကျော်ငြိမ်း၊ စာတည်း-007


#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #မိုခါ #ပအဖ #ပကဖ #လမ်းတံတား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10