ပုလဲနယ်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ ပျူစောထီးတဦးကို ကျပ်သိန်း ၂၀ ဆုချီးမြှင့်

ပုလဲနယ်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ ပျူစောထီးတဦးကို ကျပ်သိန်း ၂၀ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ပျူစောထီးတဦးက လက်နက်ခဲယမ်းများနဲ့အတူ မတ် ၁၀ ရက် အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၂၀ ဆုငွေချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းဆီက သိရပါတယ်။

အလင်းဝင်လာသူပျူစောထီး ကိုစနေမောင်က ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၂၅၈ တောင့်၊ ကျည်ဘောက် ၂ ခုနဲ့အတူ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၂ ထံသို့ ဆက်သွယ်ကာ အလင်း၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

အလင်းဝင်လာရတဲ့ အကြောင်းရင်းမှာ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာအတွင်း စစ်တပ်က တပ်စွဲထားရာ ပျူစောထီးအဖွဲ့ ဖွဲ့စည်းကာ လက်နက်ကိုင်ဆောင်ပြီး ပြည်သူလူထုအပေါ် မတရားသဖြင့် ဖိနှိပ် အနိုင်ကျင့်ဖို့ အတင်းအကျပ် စေခိုင်းခံရတာကို လုပ်ကိုင်လိုစိတ်မရှိတဲ့အတွက် အလင်းဝင်လာတာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူကို ပုလဲမြို့နယ် ပအဖနဲ့ ပလဖ အဖွဲ့တာဝန်ရှိသူတွေက လိုအပ်တဲ့အချက်အလက်များကို စစ်ဆေးမေးမြန်းကာ လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ပုံစာ - မတ် ၁၀ ရက်က အလင်းဝင်လာသူကို ဆုငွေချီးမြှင့်နေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #ပုလဲမြို့ #အင်မထီး #ပျူစောထီး #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10