ပုလဲနယ် အင်မထီးပျူစောထီးတွေလက်ကနေ ၃ ဦးထွက်ပြေး၊ ပအဖထံ ခိုလှုံ

ပုလဲနယ် အင်မထီးပျူစောထီးတွေလက်ကနေ ၃ ဦးထွက်ပြေး၊ ပအဖထံ ခိုလှုံ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပျူစောထီးတွေရဲ့ အင်မထီးရွာကနေအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး၂  ဦး စုစုပေါင်း ၃ ဦးဟာ ဒီဇင်ဘာ ၂၆ ရက်က ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အင်းမထီးရွာကနေ ထွက်ပြေးလာသူတွေမှာအသက် ၁၇ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အ သက် ၅၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးထွက်ပြေး လွတ်မြောက်ကာ ပုလဲပအဖထံ ခိုလှုံလာတာလို့ သူက ဆက်ပြောပါတယ်။

 "သူတို့ကိုရွာထဲမှာ ကန့်သတ်ချုပ်ခြယ်တာတွေရှိနေတယ်။ စားဖို့လည်း အဆင်မပြေကြဘူး။ နေထိုင်ရတာလည်း မလွတ်လပ်တော့ ထွက်ပြေးလာကြတာ" လို့ ပုလဲ ပအဖအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

 ဒီလို လွတ်မြောက်လာတဲ့သူ  ၃ ဦးကို ပအဖက လိုအပ်တာတွေ စစ်ဆေးမေးမြန်းကာ  နွေဦးတော်လှန်ရေးကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ မပြုလုပ်ဘဲ အေးချမ်းစွာနေထိုင်ဖို့ပြောဆိုပြီး ဝန်ခံကတိထိုးကာ တဦးကိုငွေ ၅၀,၀၀၀ ကျပ်စီ ထောက်ပံပေးခဲ့တယ်လို့ သိရပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေစပြီး လက်ရှိအချိန်ထိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အင်မထီးရွာက ၃၁ ဦး၊ ဇီးဖြူကုန်းရွာက ၂၀ ဦးနဲ့ စုစုပေါင်း ၅၁ ဦး ပြည်သူ့ဘက်ကို ခိုလှုံလာကြတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲ  #ပျူစောထီးကျေးရွာ #ထွက်ပြေးလွတ်မြောက် #ပအဖထံခိုလှုံ #ထောက်ပံ့ပေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10