ပုလဲမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးမှုတွေရှိဟုဆို

ပုလဲမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးမှုတွေရှိဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကနေ  ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၂ ရက် မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၀ တပ်ရင်း၊  ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပုလဲမြို့ပေါ်ကနေ အင်အား ၇၀ ဦးလောက်နဲ့ ဆားလင်းကြီးမြို့နယ်ဘက်ကို စစ်ကြောင်းထွက်လာတာကို ပုလဲမြို့ အရှေ့ဘက်အထွက်မှာ မနေ့ မနက် ၇ နာရီခွဲလောက်က ရှေ့ထွက်မိုင်း ၈ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦးသေကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"မိုင်းဆွဲပြီးတော့ မသေတဲ့ကောင်တွေက ဗြောင်းဆန်အောင်ပြန်ပစ်တာ" လို့ ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က ရဲဘော်ပေ က ပြောပါတယ်။

စစ်အုပ်စုဘက်က အဆက်မပြတ်ပစ်ခတ်တာကြောင့် တိုက်ခိုက်ရေးရဲဘော်တွေ တပ်ပြန်ဆုတ်ခဲ့သလို စစ်ကောင်စီစစ်ကြောင်းဟာလည်း အလောင်းတွေနဲ့ ဒဏ်ရာရလူနာတွေကို သယ်ဆောင်ပြီး ပုလဲမြို့နယ်၊ အေးကုန်းရွာကို ဆက်ထွက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၇ ရက်က ယင်းမာပင်မြို့ကို သွားရောက်ပြီးမှ နိုဝင်ဘာ ၉ ရက်က ပုလဲမြို့ကို ပြန်ဝင်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ညနေကလည်း ဆားလင်းကြီးမြို့နယ်က ထွက်လာတဲ့ စစ်ယာဥ်တန်းကို လည်ငေါက်ရွာအနီးကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #မိုင်းဆွဲ #ယင်းမာပင် #ဒေါင်းနက် #ပြောက်ကျားတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10