သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ကန့်ဒေါင့်ရဲစခန်းကို အောက်တိုဘာ ၁ ရက်မှာ Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Eagle Wings Drone Force ဆီက သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ရဲ စုစုပေါင်းအင်အား ၅၀ ခန့် အထိုင်ချတပ်စွဲနေတာဖြစ်ပြီး အောက်တိုဘာ ၁ ရက် မနက် ၉ နာရီခန့်မှာ Drone ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ EagleWings Drone Force အဖွဲ့တာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ဦး သေဆုံးခဲ့ပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရသွားတာကြောင့် ရဲစခန်းအတွင်းက သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကန့်ဒေါင့်ရဲစခန်းတိုက်ခိုက်ခံရအပြီး နောက်ရက်ပိုင်းတွေမှာတော့ ရဲစခန်းအတွင်းက စစ်သားနဲ့ရဲတွေဟာ ဘန်ကာတွေကို တိုးချဲ့ဆောက်လုပ်ထားတယ်လို့လည်း ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကို ဆရာဒေါင်းဦးဆောင်သော ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့ Salingyi Special Task Force (SSTF) ၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle Wings Drone Force အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #ကန့်ဒေါင့် #drone #တိုက်ပွဲ
Share Share Share