ပုလဲမြို့ပေါ် ထွေအုပ်ရုံးဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  PDF တိုက်ခိုက်လို့ သေဆုံးမှုရှိ

ပုလဲမြို့ပေါ် ထွေအုပ်ရုံးဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  PDF တိုက်ခိုက်လို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ကပ်လျက်က စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့လို့ သေဆုံးထိခိုက်သူတွေ အများအပြားရှိတယ်လို့  Chindwin Toe Na Yar PDFက သတင်းထုတ်ပြန်ထားပါတယ်။

ပုလဲမြို့ ထွေအုပ်ရုံးဘေးက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်ခန့်ကို အောက်တိုဘာ ၂၉ ရက် နဲ့  ၃၀ ရက်ညတွေမှာ ၆၀ မမ၊ ၈၀ မမ နဲ့ ၉၀ မမ အလုံးပေါင်း ၅၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"၂ ရက်ဆက် တိုက်ပွဲ ကလိုက်တာ **ဘက်က  ၇ ကောင်ကျသွားတယ်။ သေတဲ့ကောင်တွေကို ထွေအုပ်နဲ့ စာသင်ကျောင်းထဲမှာပဲ မြှုပ်ကြတယ်" လို့ ယင်းမာပင်ခရိုင်တူမီးလက်ရုံးတပ်နဲ့ Chindwin Toe Na Yar(PDF) အဖွဲ့ခေါင်းဆောင်ကိုမြကြီးက ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် ညတိုက်ခိုက်စဥ်မှာ စစ်အုပ်စုဘက်က ၃ ဦးနဲ့  ၃၀ ရက် ညမှာ ၄ ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ကင်းထောက်တွေဆီက ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ BRA၊ မျိုးဆက်သစ်လူငယ်၊ SKY၊ Finish Fighter၊ တော်လှန်ပြောက်ကျား၊ ယင်းမာပင် တပ်ရင်း၂၉ ခွဲ ၂၊ သခင်ဒေါင်းညို မဟာမိတ်ပူပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကလည်း Chindwin Toe Na Yar PDFနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ယင်းမာပင်မြို့နယ် ရွှေဂူတောင်မှာ ညအိပ်တပ်စွဲနေတဲ့ စစ်အုပ်စုကိုလည်း ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမတွေနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - Chindwin Toe Na Yar PDF နှင့် ပူးပေါင်းအဖွဲ့တပ်ဖွဲ့များ (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲမြို့  #ထွေအုပ်ရုံး #Chindwin Toe Na Yar #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10