ပုလဲမြို့သိမ်းတိုက်ပွဲ စတင်

ပုလဲမြို့သိမ်းတိုက်ပွဲ စတင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၅ ရက် ဒီမနက်ကစလို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်နေတဲ့ ကျားသစ်နက်တပ်ဖွဲ့တာဝန်ရှိသူတဦးက ဆိုပါတယ်။ 

ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ ရှိတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကို ဒီမနက် ၁၀ နာရီဝန်းကျင်လောက်ကစတင်ကာ ဝင်ရောက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ 

“(မြို့ကို)သိမ်းတော့ သိမ်းနေတယ်၊ **စစ်ကူတွေလာနေလို့ ကျနော်တို့ ခပ်တိမ်းတိမ်း လုပ်နေတာပါ“ လို့ ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ့ တာဝန်ရှိသူ ကိုဥက္ကာက ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်ထက်ကလည်း ဒါးမဆိုင်းတပ်မတော်(ယင်းမာပင်ခရိုင်တပ်ရင်း ၂၈)၊ ကျားသစ်တပ်မတော်၊ မြောက်ယမားဗိုလ်မြတို့ အဖွဲ့တွေက မြို့ပေါ်အထိ ကားတွေနဲ့ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊  

နှစ်ဖက်ပြန်လှန်ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို လက်ရှိမှာ  စစ်ကောင်စီဘက်က ရဲစခန်းနဲ့ ထွေအုပ်ရုံးရှိ ကတုတ်ကျင်းတွေထဲက ပုန်အောင်းနေခုခံနေပြီး‌ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းနိုင်ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။

“စခန်း(ရဲစခန်း)နဲ့ မျက်နှာချင်းဆိုင်အထိ ရောက်ခဲ့တယ်။ ဂန်း(သေနတ်)ကောက်တာကို ကောက်မရခဲ့ဘူး။ စစ်** ဘက်က ကျဆုံးတော်တော်ရှိမယ်” လို့ ကိုဥက္ကာက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းမှာလည်း စစ်ရေးပြင်းထန်လာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တပ်စခန်း၊ ရဲစခန်းတွေကို သိမ်းပိုက်ထားပြီး ကောလင်းမြို့နဲ့ ပင်လည်ဘူးမြို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ 

ပုံစာ - ကျားသစ်နက်တပ်ဖွဲ့ တပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့  #ပြည်သူ့ကာကွယ်ရေးတပ် #ကျားသစ်နက်တပ် #ကောလင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10