ပုလဲမှာ ကျေးရွာပကဖ ခေါင်းဆောင်တဦးကို စစ်အုပ်စုက သတ်ပြီး နေအိမ်တွေပါမီးရှို့

ပုလဲမှာ ကျေးရွာပကဖ ခေါင်းဆောင်တဦးကို စစ်အုပ်စုက သတ်ပြီး နေအိမ်တွေပါမီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာမှာ စစ်သားနဲ့ပျူစောထီးအဖွဲ့ဝင်တွေက ကျေးရွာပကဖခေါင်းဆောင်တဦးကို သတ်ပြီး ရွာကနေအိမ်တွေကိုပါ မီးရှို့ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အင်မထီးရွာကထွက်လာတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်သားနဲ့ ပျူစောထီးတွေက သြဂုတ်လ ၂ ရက် မနေ့မနက် ၅ နာရီ ၄၂ မိနစ်လောက်မှာ တနယ်ရွာထဲကို လက်နက်တွေပစ်ဖောက်ဝင်လာချိန် အသက် ၅၀ အရွယ် ကျေးရွာပကဖ ခေါင်းဆောင် ဦးမြင့်သိန်းကို ဖမ်းမိပြီး သတ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ဦးမြင့်သိန်းက မနက်စောစော ကင်းစောင့်နေတဲ့ရဲဘော်တွေအတွက် အကြော်သွားပို့တဲ့အချိန်မှာ အဖမ်းခံလိုက်ရတယ်။ သူတို့ဖမ်းပြီး ထိုးနက်ရိုက်နှက်ထားတယ်။ ခေါင်းလည်း နဲနဲကြေမွထားတယ်။ နောက်ဆုံး လည်ပင်းကိုလှီးသွားတယ်။ ကင်းစောင့်နေတဲ့ ကလေးတွေကတော့ လွတ်သွားတယ်”  လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် က မြေလတ်အသံ ကို  ပြောပါတယ်။

အလောင်းကိုတော့ မိသားစုဝင်တွေကပဲ သြဂုတ်လ ၃ ရက်ဒီမနက်ပိုင်းမှာ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီစစ်သားနဲ့ပျူ ပူးပေါင်းအဖွဲ့ဟာ ဒီမနက် ၄ နာရီလောက်မှ တနယ်ရွာကနေထွက်သွားပြီး မထွက်ခင်မှာလည်း နေအိမ် ၉ လုံး၊ ဆိုင်ကယ် ၁၃ စီးကို မီးရှို့ခဲ့သလို ဒေသခံတွေဆီကနေ ဆန်၊ ဆီ၊ နှမ်း အပါအဝင် အခြားပစ္စည်းတွေကိုလည်း ယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၉၀၀ ကျော်ရှိတဲ့ တနယ်ကျေးရွာဟာ ပျူစောထီးကျေးရွာလို့ လူသိများတဲ့ အင်မထီးကျေးရွာနဲ့ တမိုင်အကွာမှာ တည်ရှိပြီး ခုလို စစ်ကြောင်းထိုးမီးရှို့ခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #တနယ် #ပျူစောထီး #မီးရှို့ #သတ်ဖြတ် #ကျေးရွာကာကွယ်ရေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10