ပုလဲမှာ ပအဖခေါင်းဆောင်နေအိမ်အပါ ဒေသခံနေအိမ်တွေကို စစ်ကောင်စီက မီးရှို့ပစ္စည်းယူ

ပုလဲမှာ ပအဖခေါင်းဆောင်နေအိမ်အပါ ဒေသခံနေအိမ်တွေကို စစ်ကောင်စီက မီးရှို့ပစ္စည်းယူ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဖေဖော်ဝါရီလတတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှည့်လည်စစ် ကြောင်းထိုး နေအိမ်တွေမီးရှို့ဖျက်ဆီးဒါအပြင်ပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်သွားတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မင်းတိုင်ပင်ရွာမှာ ညအိပ်တပ်စွဲထားတဲ့ ခလရ ၇၀၃၊ ၇၀၄ တပ်ရင်းနဲ့ ပျူစောထီးအင်အား ၈၀ ကျော်က ငှက်ပျောတော၊ မြေနီကုန်း၊ ထန်းတောတိုက်၊သရက်ကျေးရွာရှိ ပြည်သူပိုင်စ္စည်းတွေကို နွားလှည်း၊ ထော်လာဂျီ၊ဆိုင်ကယ်တွေနဲ့ ခိုးယူသယ်ဆောင်သွားပြီး မင်းတိုင်ပင်ရွာအတွင်း ပြန်လည်ဝင်ရာက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆာင် ဦးဇော်ထက်နေအိမ်ကိုလည်း မီးရှိုခဲ့တဲ့အပြင် နိုင်ငံပိုင် သစ်စက်အဆောက်ဦးတွေ သစ်စက်ဝန်ထမ်းအိမ်ရာတွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

"ကိုဇော်ထက် အိမ်မီးရှို့ခံရတယ်။ တိုက်ခံအိမ်ဆိုတော့ အိမ်အပြင်တော့ မလောင်ခဲ့ဘူး။အိမ်အတွင်းထဲက ပစ္စည်းအားလုံး မီးရှို့ခံလိုက်ရပါတယ်" လို့ ပုလဲ လူသားစာနာတာဝန်ခံက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ သစ်စက်အိမ်ရာမှာ နေထိုင်တဲ့  မိသားစု ၅ စုဟာ ပစ္စည်းတွေမရလိုက်ဘဲ ခိုးကိုးရာမဲ့ ဖြစ်နေတယ်လို့ သိရပါတယ်။

"အရင်ကတည်းက ရှိတဲ့ နိုင်ငံပိုင်သစ်စက်ပါ။ ဝန်ထမ်းအိမ်ရာနဲ့အဆောင်တွေ ရှိပါတယ်။သစ်စက်ရော အိမ်ရာလိုင်းခန်းပါ မီးရှို့သွားတယ်။ ဆွေမျိုးသားချင်းမရှိတော့ လိုင်းခန်းက မိသားစုတွေ ဒုက္ခရောက်နေကြတယ် " လို့ လူသားစာနာတာဝန်ခံက ပြောပါတယ်။

စစ်သားနဲ့ပျူတွေ လိုင်းခန်းမီးရှို့ဖျက်ဆီးလို့ဒုက္ခရောက်နေတဲ့ မိသားစု ၅ စုကို ပုလဲမြို့နယ် ပအဖ အဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနဲ့ ပလဖ အဖွဲ့တို့က အိမ်ထောင်စုတစုကို ဆန် ၁ အိတ်၊ ဆီ ၁ ပုံးစီ ထောက်ပံ့ခဲ့ပြီး  အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေ လို အပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း စစ်သားနဲ့ပျူတွေက ကြောင်သန်းရွာနဲ့ငှက် ပျောတောရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး နေအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းမျိုးစုံကို လှည်းနဲ့ခိုးယူသွားတယ်လို့ သိရပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #စစ်ကောင်စီ #ပျူစောထီး #ပစ္စည်းခိုးယူ #နေအိမ်မီးရှို့ #အထိုင်ချတပ်စွဲ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10