ပုလဲမှာ ကြက်သွန်ပင်ပေါက်မျိုးကို စျေးနှုန်းအဆမတန်မြင့်တက် ဝယ်ယူနေရ

ပုလဲမှာ ကြက်သွန်ပင်ပေါက်မျိုးကို စျေးနှုန်းအဆမတန်မြင့်တက် ဝယ်ယူနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က ကြက်သွန်စိုက် တောင်သူတွေအနေနဲ့ ကြက်သွန်မျိုးတွေကို စျေးကြီးပေး ဝယ်ယူနေရတယ်လို့ ဒေသခံတောင်သူတဦးဆီက သိရပါတယ်။

ကြက်သွန်မျိုးဝယ်ယူရာမှာ ယခင်နှစ် ၂၀၂၂ ခုနှစ် တပြည်ကို  ၈၀၀၀ - ၁၀၀၀၀ ကျပ်စျေးနှုန်းရှိပြီး ယခုနှစ်ကြက်သွန်စိုက်ချိန်မှာ ၁၀၀၀၀၀ - ၁၂၀၀၀၀ ကျပ်အထိ ဝယ်ယူရတယ်လို့ တောင်သူတဦးက မြေလတ်အသံကိုပြောပါတယ်။ 

"ရွှေဖလားမျိုး၊ မြေနဲမျိုးနဲ့  ဥနီအကြီးမျိုး ၃ မျိုးကို အစေ့ဝယ်ပြီးတော့ ပျိုးထောင်စိုက်ကြတယ်။အပင်ပေါက်နှုန်းကောင်းတဲ့မျိုး ရှာဝယ်ရတာပေါ့။ အဲ့ဒါကြောင့်လည်း မျိုးစျေးတွေ စျေးကြီးပေးဝယ်နေရတာ" လို့ တောင်သူတဦးက ပြောပါတယ်။ 

ကြက်သွန်ကို ပုလဲနယ်တောင်ပိုင်းရှိ ကျေးရွာ ၂၀ ကျော်မှာ စိုက်ပျိုးကြသလို အဓိကအများဆုံး ကြက်သွန်စိုက်တဲ့ ကျေးရွာတွေမှာ မွေ့တုံ၊ ပန်းရွာ၊ ကန်ပေါက်၊ တန်ခူး၊ လက်ပကန်ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကြက်သွန်မျိုးပေါက်နှုန်းကောင်းပါက တဧက စိုက်ပျိုးဖို့ ၂ ပြည် ပျိုးထောင်ရတာဖြစ်သလို မျိုးစေ့အပင်ပေါက်နှုန်းနည်းပါက တဧက ၃ ပြည်နှုန်း ပျိုးထောင်ရတယ်လို့ ဆိုပါတယ်။

ကြက်သွန်ထွက်ချိန်မှာလည်း  ပုံမှန်တဧကမှာ ၄၅၀၀ - ၅၀၀၀ ပိဿာထွက်ရှိသလို ဧကအနည်းအများနဲ့ဂရုစိုက်ပြုစုနိုင်ပါက တဧကပိဿချိန် ၇၀၀၀ - ၈၀၀၀ အထိအထွက်နှုန်း ကောင်းကြတယ်လို့ ကြက် သွန် ရောင်းဝယ်လုပ်ကိုင်သူတဦးက ပြောပါတယ်။

ပုလဲမြို့နယ်ကထွက်ရှိတဲ့ ကြက်သွန်တွေကိုတော့ တောင်သာမြို့နယ်ကို အဓိကတင်ပို့ ရောင်းချနေပြီး ပခုက္ကူနယ်ကိုလည်း တင်ပို့ရောင်းချကြတယ်လို့ ရောင်းဝယ်သူဆီက သိရပါတယ်။

ပုံစာ - ပုလဲနယ်က ကြက်သွန်စိုက်ခင်းတချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ကြက်သွန်မျိုး #စျေးနှုန်းမြင့်တက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10