ပုလဲမှာ စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ

ပုလဲမှာ စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်သားနဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းကို စက်တင်ဘာလ ၁၃ ရက်မှာ ဒေသတော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး၊ သေနတ်နဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မနေ့ကမနက် ၉ နာရီလောက်က အင်မထီးရွာကနေ ၅ မိုင်ကျော်ကွာဝေးတဲ့ ကန့်ဒေါင့်ရွာရှိ စစ်တပ်အထိုင်ချထားတဲ့စခန်းကို စစ်သားနဲ့ပျူစောထီးတွေက လှည်းတန်းနဲ့ ရိက္ခာသယ်ဖို့ ထွက်လာချိန် တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"အသွားအပြန် မိုင်း ၃ ကြိမ်ဆွဲတိုက်တယ်။ သူတပြန်ကိုယ်တပြန်ပစ်ကြတယ်။ ပျူတကောင်သေတယ်။ သေနတ်ရယ် လှည်းနွားတွေလည်း သိမ်းဆည်းရခဲ့တယ်" လို့ ပုလဲပကဖ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


ရိက္ခာသယ်လှည်တန်းကို တိုက်ခိုက်ရာမှာ ပျူစောထီး ၁ ဦးသေဆုံးပြီး၊ ရိုင်ဖယ်သေနတ် ၁ လက်၊ နွား ၁ ကောင်နဲ့ လှည်း ၁ စီးတို့ သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့သူက ဆက်ပြောပါတယ်။

တိုက်ပွဲမှာသေဆုံးခဲ့တဲ့ ပျူစောထီး ၁ ဦးကို စက်တင်ဘာလ ၁၄ ရက် မနက် ၉ နာရီမှာ တော်လှန် ရေးအင်အားစုတွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။



စစ်သားနဲ့ပျူစောထီးတွေ ရိက္ခာသယ်ထွက်လာတာကြောင့် အင်မထီးရွာနဲ့ ကန်ဒေါင့်ရွာ ကြားမှာရှိနေတဲ့ ရွာ ၇ ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာစစ်ရှောင်နေရပြီး၊ စားဖို့နေဖို့အတွက် ပုလဲမြို့နယ် ပအဖ နဲ့ ပကဖ အဖွဲ့ဝင်တွေက လုပ်ကိုင်ပေးထားသလို လူသားစာနာအဖွဲ့တာဝန်ခံကလည်း ဆန်၊ ဆီ နဲ့ အများသုံးဖို့အတွက် ငွေကျပ် ၁၅၀၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပျူစောထီး #စစ်ကောင်စီ #ပုလဲမြို့နယ် #ပအဖ #ပကဖ #လူသားစာနာ #စစ်ရှောင် #အကူညီလိုအပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10