ပုလဲမှာ ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးကို သေဆုံးလျက်ပြန်တွေ့

ပုလဲမှာ ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးကို သေဆုံးလျက်ပြန်တွေ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးကို နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတဦးဆီက သိရပါတယ်။ 

သေဆုံးသူဟာ ပုလဲမြို့နဲ့ ၁ မိုင်ခန့်အကွာရှိ ကြိုးကြာဥကျေးရွာနေ ကုန်တွဲကားမောင်းသူ ကိုဖိုးသား ၄၂ နှစ်ဖြစ်ပြိး နိုဝင်ဘာ ၁၅ ရက် ပုလဲရဲစခန်းတိုက်ပွဲ စတင်ဖြစ်ပွားနေချိန်မှာ ကြောက်လန့်ပြီး နေအိမ်ကနေ ထွက်ပြေးသွားပြီးနောက် ပျောက်ဆုံးနေရာကနေ ခုလို သေဆုံးလျက်ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။ 

"မောင်လေးပျောက်လို့ လိုက်ရှာနေကြတာ။ မနက်က တောကျောင်းအရှေ့နားမှာ တွေ့တော့ သေနေပြီလေ။ ဒဏ်ရာဒဏ်ချက် တော့မရှိပါဘူး" လို့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ကြိုးကြာဥကျေးရွာ အနောက်ဘက် တောစပ်တနေရာမှာ အလောင်းကိုတွေ့ရှိခဲ့တာ ဖြစ်ပြီး ခန္ခာကိုယ်တခုလုံးမှာလည်း မည်သည့်ဒဏ်ရာကိုမှမတွေ့ရတာကြောင့် အကြောက်လွန်ပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ဆွေမျိုးတော်စပ်သူတဦးက ခန့်မှန်းပါတယ်။ 

အလောင်းကိုပြန်တွေ့ချိန်မှာ ကိုင်တွယ်သယ်ယူဖို့ ခက်ခဲတာကြောင့် သူ့ကိုတွေ့ရှိတဲ့နေရာအနီးမှာပဲ နေ့ချင်း မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပျောက်ဆုံး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10