ပုလဲမှာ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားကို ဆုငွေသိန်း ၁၀၀ ကျပ်ပေးအပ်

ပုလဲမှာ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားကို ဆုငွေသိန်း ၁၀၀ ကျပ်ပေးအပ်

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက ဒုတပ်ကြပ်ဝေလင်း ဆိုသူဟာ လက်နက်ခဲယမ်းများနဲ့အတူ ဒီဇင်ဘာ ၂၇ ရက်က ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်သားနဲ့ အတူ MA 3 ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံးနဲ့ လက်ပစ်ဗုံး ၁ လုံး ယူပြီး ခိုလှုံလာတယ်လို့ ဆိုပါတယ်။

" လက်နက်ယူလာမှတော့ ပြန်ပြေးရင်လည်း မလွယ်တော့ဘူး။ ဆုငွေလည်း ပေးထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ ထားပါတယ်" လို့ ပအဖ အဖွဲ့တာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။

အဲ့ဒီလို လက်နက်ခဲယမ်းနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလုံလာတဲ့ ဒုတပ်ကြပ် ဝေလင်းအား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ် ၁၀၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ သူဆက်ပြောပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားအနေနဲ့ စစ်တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်းလုပ်တာ အောက်ခြေက ရဲဘော်တွေရဲ့ အသက်ကို တန်ဘိုးမထားတာနဲ့ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတာတွေကို မကြိုက်လို့ ခိုလှုံတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ၂၀၂၃ ခုနှစ်ကလည်း MA 11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၇၄ တောင့်၊ ဗုံးသီး ၁ လုံး၊ ကျည်ကာ ၁ ထည်နဲ့အတူ တပ်ရင်း ပညရ ၁၁ တပ်သား ၁ ဦး ခိုလှုံလာတဲ့အတွက် ပုလဲမြို့နယ် ပအဖ၊ ပကဖ တို့က သိန်း ၅၀ ကျပ်နဲ့ ပုလဲမြို့နယ် ပြည်သူများက သိန်း ၃၀ ကျပ် စုစုပေါင်းငွေသား သိန်း ၈၀ ကျပ်ကို ပေးအပ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲ #စစ်သည် #လက်နက်ခဲယမ်း #ပြည်သူ့ရင်ခွင်ခိုလှုံ #ဆုငွေချီးမြှင့် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10