သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ရဲတပ်ကြပ် ၁ ဦး လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ ပုလဲမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက သိရပါတယ်။
အလင်းဝင်ရောက်လာသူမှာ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းက အသက် ၃၇ နှစ်အရွယ် ရဲတပ်ကြပ်ဖြစ်ပြီး BA 63 (G3) သေနတ် ၁ လက်နဲ့ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာကာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းမှာ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။
လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတဲ့ ရဲတပ်ကြပ်ကို ပုလဲမြို့နယ်ပအဖနဲ့ ပကဖအဖွဲ့တို့က ကျပ်သိန်း ၈၀၊ ပုလဲမြို့နယ်လူသားစာနာအဖွဲ့က ၁ သိန်းကျပ်နဲ့ အဝတ်အစားအချို့ ပေးအပ်ခဲ့တယ်လို့ ပအဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်သူနဲ့ အလင်းဝင်ရောက်လာသူတွေ ခိုလှုံလာတာ စစ်သားနဲ့ရဲ ၂၇ ဦး ရှိပြီလို့လည်း သိရပါတယ်။
#မြေလတ်အသံ
#ပုလဲ #ကန်ဒေါင့် #ရဲတပ်ကြပ် #အလင်းဝင်
Share Share Share