ပုသိမ်ကြီးမြို့နယ်က စစ်တပ်သတင်းပေး ၂ ဦးကို ပကဖက တပြိုင်တည်းဝင်ဖမ်းချိန် ၂ ဦးလုံးထွက်ပြေးလွတ်မြောက် - ဆိုင်ကယ် ၁ စီးနဲ့ ရေယာဥ် ၁ စီးသိမ်းဆည်းရရှိ

ပုသိမ်ကြီးမြို့နယ်က စစ်တပ်သတင်းပေး ၂ ဦးကို ပကဖက တပြိုင်တည်းဝင်ဖမ်းချိန် ၂ ဦးလုံးထွက်ပြေးလွတ်မြောက် - ဆိုင်ကယ် ၁ စီးနဲ့ ရေယာဥ် ၁ စီးသိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွန်းဆင်ရွာက စစ်ကောင်စီသတင်းပေး ၂ ဦးကို ပြည်သူ့ကာကွယ်အဖွဲ့က သြဂုတ် ၃၀ ရက် ညပိုင်းမှာ ဝင် ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားတယ်လို့ ပုသိမ်ကြီးမြို့နယ် ပကဖ ဆီက သိရပါတယ်။

အဖမ်းမခံဘဲထွက်ပြေးသွားတဲ့ ကျွန်းဆင်ရွာသား ၂ ဦးထဲက ၁ ဦးဟာ ညီလွင်ဆိုသူဖြစ်ပြီး သူ့ရဲ့ သံခွန်ရေယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေကိုတင်ဆောင်တာ၊ ရိက္ခာတွေကိုသယ်ပေးတာတွေ လုပ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကိုလည်း သတင်းပေးသူတဦးဖြစ်တယ်လို့  ပုသိမ်ကြီးမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ သွားဖမ်းချိန်မှာ ညီလွင်ဆိုသူဟာ မြစ်ကမ်းဘေးမှာရှိတဲ့ သံခွန်ရေယာဉ်ပေါ်ကနေ ထွက်ပြေးသွားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ဒဏ်ရာရရှိသွားပေမဲ့လည်း လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သံခွန်ကိုတက်တဲ့အချိန်မှာ သူက တခါတည်းထွက်ပြေးတယ်။ ထွက်ပြေးတော့ ကျနော်တို့မှာပါတဲ့ ဂန်းအတိုနဲ့ပစ်တော့ ကျည်ကညပ်နေတာ။ အဲ့ဒါနဲ့  အရှည်နဲ့ လှမ်းပစ်တော့ ဒဏ်ရာတော့ရသွားတယ်။ အသက်တော့မသေဘူး. သူ့ရဲ့ သံခွန်ရေယာဉ်နဲ့ ဆိုင်ကယ် ၁ စီးကိုတော့ သိမ်းဆည်းနိုင်ခဲ့တယ်။” လို့ ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက မတ္တရာနယ် တကျောတွေကို စစ်ကြောင်းထိုးလာတဲ့အခါတိုင်းမှာ ညီလွင်ဟာ သူပိုင်တဲ့ရေယာဥ်နဲ့ လိုက်ပို့တာမျိုးတွေ ရှိသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ပုသိမ်ကြီးမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ယာယီစခန်းကို လိုက်ပြခဲ့တာကြောင့် PDF စခန်းမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။

ညီလွင်ကို ဖမ်းခဲ့တဲ့ သြဂုတ် ၃၀ရက် ညပိုင်းမှာပဲ စစ်ကောင်စီသတင်းပေးသူတဦးဖြစ်တဲ့ ကျွန်းဆင်ရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးကိုလည်း သွားဖမ်းချိန် နေအိမ်မှာ ဦးသိန်းစိုးရဲ့ သားကိုသာတွေ့ရတဲ့အတွက် စစ်ကောင်စီနဲ့ ပတ်သက်သတင်းပေးတာမျိုးတွေ မလုပ်ဖို့ပြောနေစဉ် ပြန်ခုခံမယ့် အခြေနေမျိုးပြုလုပ်ခဲ့တာကြောင့် ခြေထောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရဲဘော်တွေက အဖွဲ့ခွဲပြီးဝင်တယ် သံခွန်ရှိရာတဖွဲ့ ၊ အုပ်ကြီးအိမ်ကိုတဖွဲ့  အဲ့လိုသွားတယ်။ နဂိုကတည်းက အုပ်ကြီးက တော်တော်သောင်းကျန်းနေတယ်ဆိုပြီးတော့ ကျနော်တို့ကို တိုင်ထားတာရှိတယ်။ မြေပြင်ကင်းထောက်လှန်ရေးသမားတချို့လည်း သူ့ကြောင့်ဖမ်းခံရတာမျိုးတွေ ရှိတယ်။၊ ကျနော်တို့ နောက်နောင်မလုပ်ဖို့ ဘာညာပြောနေတာကို သူ့သားရဲ့အမူအယာအနေအထားက နည်းနည်းလေးခုခံမဲ့အနေအထားလေးတွေ့တာနဲ့ ခြေထောက်ကိုပစ်ခဲ့လိုက်တယ် ” လို့ ပုသိမ်ကြီးမြို့နယ် ပကဖ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ လွတ်သွားတဲ့ စစ်ကောင်စီသတင်းပေးသူ ၂ ဦးဟာ ကျေးရွာထဲကို ပြန်နေထိုင်တာမျိုးမရှိသေးသလို ညီလွင်ကတော့ စစ်ကောင်စီတပ်သားတွေနဲ့ အတူနေပြီး ဆေးကုသမှုခံယူနေတယ်လို့လည်း ဆိုပါတယ်။

သြဂုတ်လလယ်ပိုင်းလောက်ကလည်း ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေထဲက အသက် ၃၅ နှစ်နဲ့ ၆၅ နှစ်အရွယ် အမျိုးသားတွေကို စစ်ကောင်စီတပ်သားတွေက တရွာမှာ ၁၀ ဦးခန့် ပြည်သူ့စစ်သင်တန်းတက်ရောက်ရမယ်လို့ သွားရောက်အကျပ်ကိုင်တာမျိုးတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #ပုသိမ်ကြီ #သတင်းပေး #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10