သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ညမထွက်ရအမိန့် ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
ပေါက်ခေါင်းမြို့ကို စစ်အုပ်ချုပ်ရေးကြေညာတဲ့ ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီက တမြို့နယ်လုံးကို ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် နိုဝင်ဘာ ၁၅ ရက်ညကစလို့ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်ပြင်ထွက်ခွင့်မပြုတော့ဘဲ မြို့ပေါ်ရပ်ကွက်တွေကိုတော့ မူလထုတ်ပြန်တဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ သွားလာခွင့်အမိန့်ကို ပြင်ဆင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
“ရွာဘက်တွေကို နေဝင်မီးငြိမ်း ည ၆ မနက် ၆ အပြင်မထွက်ရအမိန့်ကို ရဲတွေက မြို့ထဲကို အသံချဲ့စက်နဲ့ လိုက်အော်သွားတာ။ ” လို့ ပေါက်ခေါင်းမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲ့ဒီလို ကျေးရွာတွေကို ည ၆ မနက် ၆ အပြင်မထွက်ရအမိန့် ထုတ်ပြန်ခဲ့လို့ မြို့ထဲနေပြည်သူတွေကလည်း ညနေ ၆ နာရီကစလို့ ကျေးရွာတွေဘက်ကို ထွက်မရတော့ဘူးလို့ သူကဆက်ပြောပါတယ်။
အခုလို ညနေ ၆ နာရီကနေ မနက် ၆ နာရီထိသွားလာခွင့် ကန့်သတ်လိုက်တာကြောင့် ကျေးလက်မှာနေထိုင်တဲ့ ဈေးရောင်းဝယ်သူတွေ အခက်အခဲကြုံလာရတယ်လို့ဆိုပါတယ်။
“အကန့်အသတ်နဲ့ သွားလာနေရတော့ အလုပ်မဖြစ်ဘူး။ သီးနှံတွေက ခြံတွေမှာလိုက်ဝယ်ရတာဆိုတော့ တခါတလေမိုးကချုပ်တယ်။ အများနဲ့ လုပ်ရတာလေ ဘာတွေဖြစ်လာဦးမယ် မသိသေးဘူး။” လို့ ဈေးရောင်းဝယ်သူ အမျိုးသမီးတဦးက ပြောပါတယ်။
ပေါက်ခေါင်းမြို့ဟာ ပဲခူးရိုးမအစပ်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကစကာ ပဲခူးရိုးမပေါ်က ဈေးလာဝယ်သူတွေကို ကား ၁ စီး ဆန် ၃ အိတ်သာဝယ်ခိုင်းတာ ဆန်ဝယ်ယူသူတွေရဲ့ဖုန်းနံပတ်တွေကို ဆန်ရောင်းချသူတွေဆီက တောင်းယူကာ လေ့လာစောင့်ကြည့်တာတွေလည်း ပြုလုပ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက ပေါက်ခေါင်း၊ ပေါင်းတည်၊ နတ်တလင်းနဲ့ အုတ်ဖိုမြို့တွေကို စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီလကစပြီ စစ်အုပ်ချုပ်ရေးကြေညာထားတာလည်း ဖြစ်ပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ
#ပေါက်ခေါင်းသတင်း #အပြင်ထွက်ခွင့် #စစ်အုပ်ချုပ်ရေး #သတင်း #ကျေးရွာ #ပဲခူးတိုင်း #သတင်း
Share Share Share