ပေါက်ခေါင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရ

ပေါက်ခေါင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ တပ်ရင်း ၃၆၀၁၊ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်မတော်က သြဂုတ် ၁၄ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းရွာနေ အုပ်ချုပ်ရေးမှူး ကိုမောင်ဝင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ - PPDF တပ်ရင်း၊ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲလောက်မှာ နေအိမ်ခြံဝန်းအတွင်း ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ 

"ကျနော်တို့ သူ့အိမ်ရှေ့က ဝင်လာတာကိုမြင်ပြီး အိမ်ပေါ်ကနေ အိမ်နောက်ဖေးဆင်းပြေးတာမှာ အိမ်နောက်ကစောင့်နေသူတွေက ပစ်ခတ်ခဲ့တာပါ"လို့ ၃၆၀၁ PPDF တပ်ရင်း၊ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကိုမောင်ဝင်းကို အုပ်ချုပ်ရေးမှူးဆက်မလုပ်ဖို့ သတိပေးထားပေမယ့် ဆက်လုပ်နေတဲ့အတွက် ခုလိုရှင်းလင်းခဲ့တာဖြစ်ပြီး သေနတ်နဲ့ပစ်ခဲ့လို့ နဖူး ၁ ချက်၊ ရင်ဘတ် ၁ ချက်ကျည်ထိကာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကိုမောင်ဝင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ကျေးရွာအုပ်စုအတွင်း စစ်သားသစ် အဓမ္မစုဆောင်းပေးတာ၊ စစ်မှုထမ်းတွေအတွက်ဆိုကာ ရွာသားတွေကိုတအိမ်ထောင် အနည်းဆုံး ကျပ်တသောင်းကနေ ငါးသောင်းကျပ်အထိကောက်ခံသူလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲကျော်ကလည်း မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူးကိုသန်းမြင့်ကို မင်းလှမြို့ကနေ ဆိုင်ကယ်နဲ့ တဦးတည်းရွာအပြန် စိန်ပုရွာထိပ် အရောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၃ နဲ့ ပူးပေါင်းအဖွဲ့တွေက က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10