ပေါက်ခေါင်းက သေနတ်ကိုင်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

ပေါက်ခေါင်းက သေနတ်ကိုင်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဇနီးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရွှေတောင်ပကဖအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

သေဆုံးသူတွေမှာ ပေါက်ခေါင်းမြို့နယ်၊ ရွှေတောင်ငွေတောင်ကျေးရွာအုပ်စု၊ ဘော်ဒါကျေးရွာနေ အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်းနဲ့ ဇနီးဖြစ်သူတို့ဖြစ်ပြီး စက်တင်ဘာ ၂ ရက် မနေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်-တောင်ငူလမ်း ရဲကင်းအနီးမှာ နွေဦးရောင်ခြည်စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ ၁၈ ချက်ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ခင်မောင်ဝင်းတို့ လင်မယားက ဆိုင်ကယ်နဲ့ သွားနေတာကို ပစ်ခဲ့တာ။ လင်ရောမယားရောပွဲချင်းပြီး သွားတာ။ သေနတ်နဲ့ပစ်တဲ့နေရာက ရဲကင်းနဲ့ အရမ်းနီးတော့ လက်နက်ကိုသေချာမရှာခဲ့ရဘူး” လို့ ရွှေတောင်ကျေးရွာပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်းဟာ သေနတ်ကိုင်ဆောင်ထားသူဖြစ်လို့ သူ့ကိုရှင်းလင်းနိုင်ဖို့ အချိန်ယူ ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုခင်မောင်ဝင်းဟာ ကျေးရွာအုပ်စုအတွင်းရှိပြည်သူတွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်တာ၊ ပျူစောထီး သင်တန်းပေးတာ၊ ပြည်သူတွေကိုစစ်မှုထမ်းအကြောင်းပြပြီး ငွေညှစ်တာတွေကိုပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ဆောင်မှုကို  ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရွှေတောင်(ပကဖ)၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၄ (မင်းနောင်အဖွဲ့) နဲ့ တပ်ခွဲ ၅(တောဘုရင်အဖွဲ့)တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးရွာက အုပ်ချုပ်ရေးမှူး ကိုဌေးနိုင် ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သေနတ်နဲ့ပစ်သတ်ပြီး သူကိုင်တဲ့ ရိုင်ဖယ်သေနတ်ကိုလည်း သိမ်းယူခဲ့ပါသေးတယ်။

ပုံစာ - တော်လှန်‌ရေးတပ်ဖွဲ့ဝင်များ လိုက်လံပစ်ခတ်နေပုံ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #အုပ်ချုပ်ရေးမှူး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10