သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်မှုထမ်းကြေးငွေစုတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပစ်သတ်ခံရသူဟာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် ကိုသန်းအောင်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁ နာခွဲလောက်က ဒွကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ဦးခေါင်းကို ၁ ချက်၊ ဝမ်းဗိုက်ကို ၂ ချက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“သန်းအောင်က သူ့အိမ်မှာဖွင့်ထားတဲ့ ကုန်စုံဆိုင်လေးမှာ တယောက်တည်းဈေးရောင်းနေတုန်း သေနတ်နဲ့ သုံးချက်ပစ်တာ ပွဲချင်းပြီးသေတယ်။” လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ နဲ့ ပေါက်ခေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာပါ။
ညနေ ၅ နာရီဝန်းကျင်လောက်မှာတော့ ကိုသန်းအောင်အလောင်းကို စစ်သားနဲ့ရဲတွေက လူနာတင်ကားနဲ့ ပေါက်ခေါင်းမြို့ဘက်ကို သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။
ကိုသန်းအောင်ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာ၊ ပေါ်တာဆွဲတာတွေကို အားတက်သရော လုပ်ဆောင်ပေးသလို စစ်မှုမထမ်းချင်ရင် လူစားထည့်ရမယ်ဆိုကာ ကျေးရွာအတွင်း ၁ အိမ်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ကောက်ခံနေသူဖြစ်တဲ့အပြင် တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီအဖွဲ့ကို ပေးပို့နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီလောက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးရွာက စစ်မှုထမ်းစုဆောင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထောက်ပို့တပ်သားတွေကို စုံစမ်းနေသူလို့သတင်းထွက်နေတဲ့ ကိုဖိုးနီ ကိုလည်း ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
ပုံစာ - သေဆုံးသူ အုပ်ချုပ်ရေးမှူး ကိုသန်းအောင်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါက်ခေါင်း #အုပ်ချုပ်ရေးမှူး #ရှင်းလင်း
Share Share Share