ပေါက်ခေါင်းမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ပေါက်ခေါင်းမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ လှည်းကူးရွာအနီးမှာ စခန်းချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် - PPDF ၃၆၀၁ တပ်ရင်း ဆီက သိရပါတယ်။

စစ်သားအင်အား ၄ဝ ခန့်နဲ့ တပ်စွဲနေချိန် မနက် ၁၀ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ကျော် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။    

"၂၅ ရက်နေ့တိုက်ပွဲမှာ ဒီကောင်တွေအထိနာပြီး လှည်းကူးရွာမှာ စခန်းချလိုက်တယ်။ အဲ့ဒါကို အလစ်ဝင် တိုက်ခိုက်ခဲ့တာ။ သေတဲ့ကောင်တွေကို တရွတ်တိုက်ဆွဲသွားတယ်။ ၂ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရတယ်" လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် - PPDF ၃၆၀၁ တပ်ရင်း၊ သတင်းတာဝန်ခံဆီက သိရပါတယ်။

သေဆုံးဒဏ်ရာရသူတွေကို လှည်းကူးရွာဘက်ကို ကျန်စစ်ကောင်စီတပ်တွေက သယ်သွားတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် - PPDF ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၂ ဧရာညီနောင်စစ်ကြောင်းက တိုက်ခိုက်ခဲ့တာပါ။ 

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော် ၁ ဦး လက်နက်ကြီးစ ထိမှန်ကာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ လှည်ကူးရွာအနီးရှိ ဖလံပင်ရွာက တဲအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဘယ်လောက်ပျက်စီးဆုံးရှုံးခဲ့လဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၅ ရက်ကလည်း လှည်းကူရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #စစ်ကောင်စီ #ဒေသခံကာကွယ်ရေးတပ် #ထိတွေ့တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10