ပေါက်ခေါင်းမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးဒဏ်ရာရ

ပေါက်ခေါင်းမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းတခုကို နိုဝင်ဘာလ ၂၉ ရက် မနက် ၅ နာရီလောက်မှာ တိုက်ခိုက်ရာ စစ်သားအချို့ဒဏ်ရာရသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ဆီက သိရပါတယ်။ 

ပေါက်ခေါင်းမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ် ညောင်ကုန်းရွာနဲ့ ချင်းလည်ရွာကြားရှိ အင်အား ၈ ဦးဝန်းကျင်ရှိတဲ့ စစ်ကောင်စီဂိတ်ကို ပေ ၄၀၀ အကွာကနေ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  

တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး တိုက်ခိုက်ခံရချိန်မှာလည်း စစ်သားတွေဘက်က ဘန်ကာထဲကနေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တိုက်ခိုက်ခံရချိန်မှာလည်း စစ်သားတွေဘက်က ဘန်ကာထဲကနေ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို လူနာတင်ကားနဲ့ ပေါက်ခေါင်းမြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။ 

အဲဒီ စစ်ကောင်စီဂိတ်ဟာ ခရီးသွားပြည်သူတွေအပေါ် ဆဲဆိုကြိမ်းမောင်းပြီး ငွေတောင်းတာတွေ လုပ်တဲ့အပြင် လမ်းသွားလမ်းတွေ ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း ကန့်သတ် သိမ်းယူတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ 

အခုတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ Shwedaung  people,s  Defence  Force (SPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နဲ့  ၂၈ ရက်ကလည်း ပေါက်ခေါင်းမြို့နယ် အမှတ် ၁၉ ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်ခရိုင် ၃၆၀၂ တပ်ဖွဲ့ဝင်တွေက သရက်တပင်ရွာအနီးနဲ့ ခုတ်ချောင်းရွာအနီးတို့ကနေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

ပုံစာ - ပြည်ခရိုင်၃၆၀၂ ရဲဘော်များ။ (ပုံဟောင်း)

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10