ပေါက်ခေါင်းမှာ ပျူစောထီးခေါင်းဆောင်ဆိုသူတဦး ရှင်းလင်းခံရ

ပေါက်ခေါင်းမှာ ပျူစောထီးခေါင်းဆောင်ဆိုသူတဦး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်ဆိုသူတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့  ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။    

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ ကြို့ပင်ဝိုင်းရွာက ပျူစောထီးခေါင်းဆောင် ကိုစိုးမြင့်ကို သူရဲ့နေအိမ်မှာ နိုဝင်ဘာ ၂၄ ရက် မနေ့ည ၈ နာရီကျော်မှာ  ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ ကသေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ 

“ အချက်ရေကတော့ တော်တော်များတယ်။ ဘယ်နှစ်ချက်မှန်းကို မမှတ်မိဘူး။ ပွဲချင်းပြီးသေသွားပါတယ် “လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် အလောင်းကို အဲ့ဒီည ၁၂ နာရီလောက်မှာ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးဂွရွာ စစ်ကောင်စီဂိတ်မှစစ်သား‌တွေက ဆိုင်ကယ် ၇ စီး အင်အား ၁၄ ဦးနဲ့ လာစစ်ချိန်မှာလည်း အဲ့ဒီစစ်အုပ်စုကို ကြို့ပင်ဝိုင်းရွာနဲ့ သစ်ရောင်းပြန်ရွာကြားမှာ ပဒေသာမိုင်း  ၅ လုံးနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က စစ်သား ၆ ဦးနဲ့  ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇   ရက်ကလည်း  ပေါက်ခေါင်းမြို့နယ်၊ အင်ငါးဂွအုပ်ချုပ်ရေးမှူးကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ က ပေါက်ခေါင်း - ပြည်လမ်းမဘေးမှာ  သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးနေသည့် ကိုစိုးမြင့် အလောင်း။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ပျူစောထီး #ပစ်ခတ် #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10