သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဆင်ခေါင်းအုပ်စု ရာအိမ်မှူးတင်ဆန်း ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red Star က မြေလတ်အသံကို ပြောပါတယ်။
ဦးတင်ဆန်းကို အောက်တိုဘာ ၂ ရက်မနက် ၁၁ နာရီခန့်က သူနေထိုင်ရာ ကြံ့သေရွာထိပ်မှာပဲ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း၊ လှုပ်ရှားပြောက်ကျားတပ်ဖွဲ့ က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
"အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေတဲ့ ရပ်ကွက်ကျေးရွာတွေက ဆယ်အိမ်မှူး ရာအိမ်မှူး အားလုံး စစ်ကောင်စီရွေးကာက်ပွဲနဲ့ပတ်သက်လို့ သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး လှုံဆော်တာနဲ့အတူ ပြည်သူလူထုကို နိုင်ထက်စီးနင်းလုပ်တာမှန်သမျှကို ထိရောက်စွာအရေးယူမှာပါ။" လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Red Star က ပြောပါတယ်။
ဒါအပြင် ဦးတင်ဆန်းဟာ စစ်မှုထမ်းစုဆောင်းရာမှာ အားထက်သရောလုပ်ဆောင်ပေးတာ၊ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကိုပေးပို့တာ၊ ကျေးရွာပြည်သူတွေဆီက အနိုင်ကျင့်ငွေကောက်တာ၊ ရွေးကောက်ပွဲအတွက် ကျေးရွာတွေမှာ စည်းရုံးဟောပြောတာတွေကိုပြုလုပ်လို့ အခုလို့ ရှင်းလင်းရတာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ပေါင်းပြီးပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ထွေအုပ်စာရေးတွေနဲ့ စစ်ကောင်စီရဲ့စေခိုင်းရာ သန်းခေါင်စာရင်းကောက်ပေးနေတဲ့ မည်သည်ဌာနဆိုင်ရာဝန်ထမ်းကိုမဆို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်းက ကြိုတင်အသိပေးထားပါတယ်။
ပေါက်ခေါင်းမြို့နယ်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေမှာ သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာ ၁ ရက်ကနေစတင်ပြီး ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းရွာ အုပ်ချုပ်ရေးမှူး ကိုမောင်ဝင်း ဆိုသူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သူရဲ့နေအိမ်ခြံဝန်းမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါက်ခေါင်း #ရာအိမ်မှူး #ရှင်းလင်းခံရ
Share Share Share