ပြည်မြို့နယ် ကမ္ဘီလာရွာက အမျိုးသား ၃ ဦးအဖမ်းခံရ၊ ၂ ဦးငွေပေးလွတ်ပြီး ၁ ဦးကို စစ်တပ်ထဲထည့်
"ပထမရက်မှာ အဖမ်းခံရတဲ့ နှစ်ယောက်ထဲက လူကြီးကို ပြန်လွှတ်လိုက်တယ်။ နောက်ထပ် လူငယ်တယောက်ကို ထပ်ဖမ်းသွားတယ်။ ပထမဖမ်းထားတဲ့ လူငယ်ကိုတော့ သုံးရက်အကြာမှာ သုံးဆယ့်ငါးသိန်းနဲ့ ပြန်လွှတ်ပေးတယ်။ သုံးယောက်ထဲက နောက်ဆုံးအဖမ်းခံရတဲ့ လူငယ်ကိုတော့ ထောင်ကျခံမလား စစ်တပ်ထဲကိုဝင်မလား မေးတယ်။ တပ်ထဲကိုဝင်မယ်ဆို စစ်မတိုက်ရတဲ့ လက်နက်ထုတ်တဲ့နေရာကိုပို့မယ်ဆိုပြီး တပ်ထဲကိုဝင်မယ်ဆိုတော့ ထည့်လိုက်တယ်"