မုန်တိုင်းဒဏ်နဲ့ ဆက်သွယ်ရေးခက်ခဲနေပေမယ့် ရိက္ခာအထောက်မပြတ်တဲ့ ပြည်သူတွေ (Photo news)

မုန်တိုင်းဒဏ်နဲ့ ဆက်သွယ်ရေးခက်ခဲနေပေမယ့် ရိက္ခာအထောက်မပြတ်တဲ့ ပြည်သူတွေ (Photo news)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသ တပ်ရင်း၊ ABSDF Column-3 ( ကျောင်းသားတပ်မတော် စစ်ကြောင်း - ၃ ) ကို ဒေသတွင်း ပြည်သူလူထုတွေက ရိက္ခာသီးနှံတွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ ဆီက သိရပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဒေသခံပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် အခက်ခဲပေါင်းစုံကို ရင်ဆိုင်နေရပေမယ့် ရိက္ခာသီးနှံတွေကို ထောက်ပံ့ပေးသလို ရဲဘော်တွေကလည်း သွားလာရေးအခက်ခဲတွေကြားက ရောက်ရှိအောင် သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။



"ကျနော်တို့ ကျောင်းသားတပ်မတော်ကို ခက်ခဲနေတဲ့ကြား က ရိက္ခာထောက်ပို့နေတဲ့ တော်လှန်ရေးညီနောင်တွေနဲ့ တော်လှန်ရေးပြည်သူတွေကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပျက်စီးတံတားများကို ဒေသခံပြည်သူတွေနဲ့တွဲပြီး ပြင်နေကြတယ်။ ပြန်လည်ထူထောင်ရေး ဘာမှမရကြသေးဘူး။ လောလောဆယ်တော့ ပရဟိတအဖွဲ့တွေလည်း မလာကြသေးဘူး" လို့ ABSDF Column-3 ( ကျောင်းသားတပ်မတော် စစ်ကြောင်း - ၃ )မှ ရဲဘော်ဇေယျ ကပြောပါတယ်။

 
လက်ရှိကာလမှာတော့ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်းတွေကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
 
ABSDF Column-3 အနေနဲ့ တပ်ဖွဲ့ရိက္ခာအဖြစ် နွေစပါးတွေကိုလည်း စိုက်ပျိုးထားသလို၊ တခြား ဆီထွက်သီးနှံ၊ နေကြာနဲ့ မြေပဲတွေကို စိုက်ပျိုးထားရှိကာ ဒေသတွင်း ပြည်သူတွေက ဝိုင်းဝန်းကူညီကြတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10