သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ငွေလွှဲငွေထုတ်ကြီးကြီးမားမားလုပ်ကိုင်တဲ့ ဆိုင်တဆိုင်ကို အနုကြမ်းဝင်စီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အနုကြမ်းဝင်စီးခံရတဲ့ ဆိုင်ဟာ ပြည်မြို့ရဲ့ လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမကြီး သံလမ်းဂိတ် အနီးမှာဖွင့်လှစ်ထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် ဒီနေ့နေ့လယ် ၂ နာရီခန့်က အခင်းဖြစ်ပွားခဲ့တာလို့ မြို့ခံတွေက သတင်းပေးပါတယ်။
"သံလမ်းဂိတ်နား ပင်လယ်ပြာလက်ဘက်ရည်ဆိုင်ဘေးနားက ငွေလွှဲငွေထုတ်ဆိုင်ကို အနုကြမ်းစီးတာ။ ကေပေးငွေလွှဲငွေထုတ်လုပ်တဲ့ဆိုင်။ ကားနဲ့ရောက်လာပြီး အနုကြမ်းစီးတယ်။" လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
အနုကြမ်းစီးသူတွေက MARK-(II) ကားအဖြူရောင်နဲ့ တက်တူးထိုးထားတဲ့ အမျိုးသား ၂ ဦးဖြစ်ကာ သေနတ်လည်း ပါလာတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပေမယ့် ဒီအချက်အလက်ကိုတော့ မြေလတ်အသံက ဆက်လက်မေးမြန်းအတည်ပြုနေဆဲပါ။
"ဆိုင်က ငွေလွှဲငွေထုတ်ကြီးကြီးမားမားလုပ်တဲ့ဆိုင်ပဲ။ ဆိုင်ကအမျိုးသမီးက ဘေးပတ်ဝန်းကျင်ကို အကူညီတောင်းတဲ့အတွက် ထွက်ပြေးသွားတယ်" လို့ မြို့ခံ အမျိုးသားတဦးကလည်း ဆိုပါတယ်။
အနုကြမ်းစီးခံရတဲ့ ဆိုင်နေရာဟာ လောင်စာဆီတိုးဝှေ့ဝယ်ယူနေကြတဲ့ မူယာပင်ဓါတ်ဆီဆိုင်နဲ့ ပေ ၃၀၀ ကျော်ခန့်အဝေးမှာသာရှိနေပြီး ယမန့်နေက လူအများအပြားတန်းစီ ဆီတိုးဝှေ့ဝယ်ယူနေကြတဲ့အတွက် ရဲနဲ့ ယာဉ်ထိန်းတွေ လုံခြုံရေးယူပေးခဲ့ရပါသေးတယ်။
ပြည်မြို့မှာ စစ်အာဏာသိမ်းမှုအပြီး လမ်းမကြီးတွေပေါ်မှာ လုယက်တာ၊ အုပ်စုဖွဲ့ လိမ်လည်ငွေညစ်တာ၊ မိုက်ကြေးခွဲငွေတောင်းတာအပြင် ဆိုးသွမ်းလူငယ်တွေက ရပ်ကွက်တွေထဲ ဓါးထမ်းသောင်းကျန်းနေတဲ့အထိ ဖြစ်နေပြီး စစ်ကောင်စီဘက်က ဖမ်းဆီးတာမျိုး မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ပုံစာ- အနုကြမ်းစီးမှုဖြစ်ပွားတဲ့ ဆိုင်အနီး ဓါတ်ဆီဆိုင်မှာ ရဲတွေလုံခြုံရေးယူနေတာကို ယမန်နေ့( ဒီဇင်ဘာ ၁၁ရက်)က တွေ့ရစဥ်။
#မြေလတ်အသံ
#ပဲခူးတိုင်း #ပြည်မြို့ #အနုကြမ်းစီးမှု #ငွေလွှဲငွေထုတ် #စစ်ကောင်စီ #ဆိုးသွမ်းရမ်းကား #လူမိုက် #မလုံခြုံမှု #မြေလတ်သတင်း #လူမှုနေ့စဉ်
Share Share Share